၂၃၀ကေဗွီတောင်ငူ -သာယာကုန်း ဓာတ်အားလိုင်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့်လုပ်ငန်းခွင်သို့အကြမ်းဖက်သမားများက FPV Drone များဖြင့်တိုက်ခိုက်

အကြမ်းဖက်သမားများ  အကြိမ်ကြိမ်ဖောက်ခွဲဖျက်ဆီးခဲ့သည့်  ၂၃၀ကေဗွီ တောင်ငူ – သာယာကုန်း ဓာတ်အားလိုင်းရှိ တာဝါတိုင်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှကျွမ်းကျင်အင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သားများသည်  လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်၁၀ နာရီ ၅၈ မိနစ်ခန့်တွင် အကြမ်းဖက်သမားများက အဆိုပါလုပ်ငန်းခွင်အတွင်းသို့ FPV Drone များဖြင့်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရှိရသည်။           

 အဆိုပါ၂၃၀ ကေဗွီ တောင်ငူ – သာယာကုန်း ဓာတ်အားလိုင်းသည် မြန်မာပြည် အထက်ပိုင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာပြည်အောက်ပိုင်းရှိဓာတ်အားသုံးစွဲနေသောပြည်သူများထံသို့ဓာတ်အား ပို့လွှတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီးအဆိုပါဓာတ်အားလိုင်းရှိတာဝါတိုင်များအား၂၀၂၃ ခုနှစ်၊ ဇူလိုင်၂၇ ရက်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နှင့် ဇန်နဝါရီ ၂၃ ရက်တို့တွင်   အကြမ်းဖက်သမားများ၏အကြိမ်ကြိမ် ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့်နေရာများစွာတွင်ပျက်စီးခဲ့ရကြောင်းသိရှိရသည်။  

Leave a Reply

Your email address will not be published. Required fields are marked *