ဘက်တီးရီးယား (bacteria) ဆိုသည်မှာ မျက်စိဖြင့်မမြင်နိုင်သော အဏုဇီဝပိုးမွှားများဖြစ်ပြီး အကျိုးပြုဘက်တီးရီးယားနှင့် အကျိုးမပြုဘက်တီးရီးယားဆိုပြီး (၂)မျိုးရှိပါတယ်။ နွားနို့တွင် ဘက်တီးရီးယားပိုးများသည် နို့ညှစ်စဉ်အတွင်း၊ ကိုင်တွယ်လုပ်ဆောင်စဉ်အတွင်း၊ သိုလှောင်စဉ်အတွင်း နှင့် အခြားသော ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်များတွင် ဝင်ရောက်နိုင်သည်။ (၁) အကျိုးပြုဘက်တီးရီးယား (Lactic acid bacteria - လက်တစ်အက်ဆစ် ဘက်တီးရီးယား) - ဒီဘက်တီးရီးယားအုပ်စုသည် နို့ထဲမှာရှိတဲ့ လက်တို့စ် (lactose)…