အသိတရားရလာသည့် PDF များ အပြိုင်အဆိုင် အလင်းဝင်လာ

နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမြှောက်ပင့်မှုကြောင့် လက်နက်ကိုင်ပြီး လမ်းမှားလိုက်ခဲ့ကြတဲ့ PDF လူငယ်လေးတွေဟာ အခုဆို နေရာအနှံ့မှာ အဖွဲ့လိုက်၊ အသုတ်လိုက် အလင်းဝင်ရောက်လာနေကြပါပြီ။

-အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကလည်း “ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဆိုတဲ့ စာထုတ်ပြီး တောထဲက PDF တွေ အစိုးရ၊ တပ်မတော်နဲ့ ပူးပေါင်းလက်တွဲကြဖို့ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူတွေကိုလည်း ဆုကြေးငွေတွေ ချီးမြှင့်ပြီး မိဘရင်ခွင်ကို ပြန်လည်အပ်နှံကာ ကာကွယ် စောင့်ရှောက်ပေးလျက်ရှိပါတယ်။

-ယခုဆိုရင် အမြင်မှန်ရလို့ အလင်းဝင်လာသူ စုစုပေါင်း ၁၂၀၀ ကျော်ခန့်ရှိနေပြီး စက်တင်ဘာလအတွင်းမှာ PDF အဖွဲ့ဝင် ၁၅ ဦးတို့ဟာ လက်နက်မျိုးစုံ ၁၃ လက်နဲ့အတူ အလင်းဝင်ပူးပေါင်းခဲ့ပါတယ်။ အတိအကျဖော်ပြရရင် –

၁။ စက်တင်ဘာ ၁၉ ရက်၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်လုံခြုံရေးစခန်းထံ မြိုင် PDF အဖွဲ့ဝင် ကျား ၄ ဦးက လက်နက်မျိုးစုံ ၄ လက် (M4 ၁၊ M16 ၁၊ M22 ၁၊ Sniper ၁) နဲ့အတူ အလင်းဝင်ရောက်ခဲ့။

၂။ စက်တင်ဘာ ၂၃ ရက်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာရှိ စစ်ကြောင်းထံ PDF အဖွဲ့ဝင် ကျား ၄ ဦးဟာ လက်နက်မျိုးစုံ ၃ လက် (RPG, M79, MA1) နဲ့အတူ အလင်းဝင်ရောက်ခဲ့။

၃။ စက်တင်ဘာ ၂၃ ရက်၊ တမူးမြို့နယ်၊ နန်းမွန်းတားရွာအနီးရှိ စစ်ကြောင်းထံ PDF အဖွဲ့ဝင် ကျား ၁ ဦးဟာ MA1 သေနတ် နဲ့အတူ အလင်းဝင်ရောက်ခဲ့။

၄။ စက်တင်ဘာ ၂၅ ရက်၊ ပျဉ်းမနားမြို့နယ်ရှိ တပ်စခန်းတစ်ခုထံ ကျောက်ဆည် နဂါးနီ PDF အဖွဲ့ဝင် ကျား ၃ ဦးတို့ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့။

၅။ စက်တင်ဘာ ၂၅ ရက်၊ ပဒါန်းဒေသ၊ နတ်ရေကန်တောင်စခန်းထံ AA အဖွဲ့ဝင် ဆေးမှူး ၁ ဦး လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့။

၆။ စက်တင်ဘာ ၂၅ ရက်၊ စစ်ကိုင်းတပ်နယ်ထံ စစ်ကိုင်း Local PDF အဖွဲ့မှ ကျား ၂ ဦးဟာ လက်နက်မျိုးစုံ ၅ လက်၊ Drone ၁ စီး၊ ကျည်အိမ်/ကျည်ဆန်များနဲ့အတူ အလင်းဝင်ရောက်ခဲ့။

-ဆိုချင်တာကတော့ ကျန်ရှိနေသေးတဲ့ PDF များအနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ လက်တွဲပြီး နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ်စခန်း၊ အာဏာပိုင်များထံ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ထပ်ဆင့်နှိုးဆော်လိုက်ရပါတယ်။။။

-တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *