နွားမတစ်ကောင်ကို ထုတ်ပယ်ရောင်းချရန် ဆုံးဖြတ်ရချိန်သည် မွေးမြူသူများအတွက် ခက်ခဲသည်။ နွားမတွေနဲ့ပတ်သက်ပြီး မွေးမြူသူအနေဖြင့် မည်သို့ခံစားချက်ရှိသည်ကို ထည့်သွင်းစဉ်းစားရမည့် အရေးကြီးအချက်များလည်း ရှိနေပါသည်။ အခုပြောပြပေးသွားမည့် အကြောင်းအရာကတော့ အကျိုးအမြတ်ရရှိသော နွားမွေးမြူရေးခြံဖြစ်ဖို့ မွေးမြူသူများ ထည့်သွင်းစဉ်းစားသင့်သည့် အချက်များဖြစ်ပါသည်။ ခြံရှိနွားမတိုင်းသည် ထုတ်လုပ်မှုပေးနေရပါမည်။ နွားအုပ်စုအလိုက်ဖွဲ့စည်းပုံ စနစ်ကျနေဖို့လိုအပ်ပါသည်။ ခြံတွင် နို့ပေးနွားမအရေအတွက်၊ နွားကလေးအရေအတွက်နှင့် နွားထီးအရေအတွက် စသည်ကိုဆိုလိုပါသည်။ ထုတ်လုပ်မှုမပေးသော…