ဝါရှင်တန်၊ စစ်ရေးအမေရိကန်နိုင်ငံရှိ အဓိကစစ်စခန်းများကို ပြင်ပအကူအညီမရရှိသည့်အခြေအနေတွင်ပင် အနည်းဆုံးရက် ၉၀ ကြာလည်ပတ်နိုင်ရန် ပင်တဂွန်ကစီမံချက်အသစ်တစ်ရပ်ရေးဆွဲလျက်ရှိကြောင်း Fox News သတင်းဌာနကဖော်ပြထားသည်။ အဆိုပါစီမံချက်သည် အမေရိကန်အနေဖြင့် ကြီးမား သောစစ်ပွဲတစ်ရပ်အတွက် ကြိုတင်ပြင်ဆင်နေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုလည်းသတင်းတွင် ဖော်ပြထားသည်။ FORTRESS ဟု အမည်ပေးထားသည့်အစီအစဉ်အရ အမေရိကန်ပြည်မကြီးရှိ အဓိကစစ်အခြေစိုက်စခန်းများသည် လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့်အခြားအရေးကြီးထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်သည့်အခါတွင်လည်း အခြေခံအကျဆုံးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင်အရေးကြီးစစ်ဘက်သုံးပစ္စည်းများအတွက် ထောက်ပံ့ရေးလမ်းကြောင်း…