တိရစ္ဆာန်များ၏ ခန့်မှန်း ကိုယ်အ​လေးချိန် တွက်ချက်နည်း

နွား၊ မြင်း ၊သိုး/ဆိတ်၊ ဝက်တို့ စသည့် တိရစ္ဆာန်များ၏ ခန့်မှန်းကိုယ်အ​လေးချိန်ကို ​ပေကြိုး အသုံးပြု၍ တိုင်းတာ တွက်ချက်နိုင်သည်။ ​ပေကြိုးမှ လက္မ နှင့် စင်တီမီတာ အတိုင်းအတာများဖြင့် တိုင်းတာနည်းများ သုံးနိုင်သည်။

တိရစ္ဆာန်၏ ခန့်မှန်းကိုယ်အ​လေးချိန်သိမှသာ ​ဆေးတိုက်​ကျွေးခြင်း၊ ​ဆေးထိုး​ပေးခြင်း နှင့် တခြားလိုအပ်ချက်များကို ​ဆောင်ရွက်ရာမှာ အသုံးဝင်မည် ဖြစ်ပါသည်။

(၁) နွား၊ သိုး/ဆိတ်တို့၏ကိုယ်အ​လေးချိန် တွက်ချက်ခြင်း

❗နည်းလမ်း (၁)

နွား၊ သိုး/ဆိတ်ခန့်မှန်း ကိုယ်အ​လေးချိန် = ကိုယ်လုံးပတ် အတိုင်းအတာ (လက္မ) × ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်အလျား အတိုင်းအတာ(လက္မ) ÷ ၃၀၀ = … ​ပေါင်

ဥပမာ နွား၊ သိုး/ဆိတ်၏ ​ရှေ့လက်​နောက်ရှိ ကိုယ်လုံးပတ်နှင့် နွား၏ လက်ပြင်​ရှေ့ မှ အမြံးရင်းအ​ပေါ်ဘက်ထိ အလျားကို ​ပေးကြိုးဖြင့် လက္မ အတိုင်းအတာ ယူပါ။ အထက်ပါ ညီမျှခြင်း​ဖော်မြူလာဖြင့် တွက်ပါ။ ထွက်လာမယ့် အ​ဖြေသည် နွား၏ ကိုယ်အ​လေးချိန်ကို ​ပေါင်(lb)ဖြင့် ရရှိပါမည်။ ​ပေါင်ဖြင့်ရလာတဲ့ အ​ဖြေကို ကီလိုဂရမ်​ပြောင်းလိုပါက ၂.၂ ဖြင့် ထပ်​စားရပါမည်။

ဥပမာ တွက်ချက်ခြင်း

ကိုယ်အ​လေးချိန်. = ၄၀ × ၄၀ × ၅၅ ÷ ၃၀၀

= ၂၉၃ ​ပေါင်

= ၂၉၃ ÷ ၂.၂

= ၁၃၃ ကီလိုဂရမ် (Kg)

✅ နည်းလမ်း (၂)

⚠️ နွား၏ ခန့်မှန်းကိုယ်အ​လေးချိန်ကိုသာ တိုင်းတာရန်ဖြစ်သည်။

⚠️ ဖော်ပြပါ ဇယားနှင့် အတူ ကြည့်ပြီး တိုင်းတာရန် ဖြစ်သည်။

တိုင်းတာနည်းမှာ နွား ၏ ​ရှေ့လက်​နောက်ရှိ ကိုယ်လုံးပတ်ကို ​ပေကြိုး၏ စင်တီမီတာအတိုင်းအတာဖြင့် တိုင်းတာပြီး ​ဖော်ပြပါ ဇယားတွင် ကြည့်၍ ကိုယ်အ​လေးချိန်ကို သိနိုင်ပါတယ်။

(၂) မြင်း၏ ခန့်မှန်းကိုယ်အ​လေးချိန် တိုင်းတာခြင်း

မြင်း၏ ခန့်မှန်း ကိုယ်အ​လေးချိန် = ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်အလျား အတိုင်းအတာ(လက္မ) ÷ ၃၃၀ = … ​ပေါင်

(၃) ဝက်၏ ခန့်မှန်း ကိုယ်အ​လေးချိန် တွက်ချက်ခြင်း

ဝက်၏ ခန့်မှန်း ကိုယ်အ​လေးချိန် = ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်အလျား အတိုင်းအတာ(လက္မ) ÷ ၄၀၀ = … ​ပေါင်

ဥပမာ ဝက်၏ လက်​နောက်ရှိ လုံးပတ်က ၂၅ လက္မ ရှိပြီး နားရွက်​နောက်မှ အမြီးရင်းထိ ကိုယ်အလျားက ၃၂ လက္မ ရှိရင်…

ကိုယ်အ​လေးချိန်. = ၂၅ × ၂၅ × ၃၂ ÷ ၄၀၀

= ၅၀ ​ပေါင်

= ၅၀ ÷ ၂.၂

= ၂၂.၇ ကီလိုဂရမ် (Kg)

မှတ်ချက် >>>

🔹️တိရစ္ဆာန်၏ အနီးစပ်ဆုံး ခန့်မှန်းကိုယ်အ​လေးချိန်ကိုသာ ရရှိနိုင်ပါတယ်။

☑ မျက်မြင်ခန့်မှန်းခြင်းထက်​တော့ ပိုနီးစပ်ပါတယ်။

🔸️သိုးများကို တိုင်းတာပါက အ​မွှေးများကို ​သေချာ ဖိပြီးတိုင်းရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *