အကြမ်းဖက် PDF ၉ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး မဲဆောက်မြို့အနီး ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ဖိုးဖရမြို့နယ်တွင် ​အောက်တိုဘာ ၁၉ ရက်​ နံနက် ၆ နာရီခန့်က အကြမ်းဖက် PDF ၉ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးကို လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ မူးယစ်​ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရ​ကြောင်း သိရသည်။

ထိုင်းနိုင်ငံနယ်ခြား​စောင့်တပ်၊ လုံခြုံး​ရေးတပ်ဖွဲ့၊ ဖိုးဖရခရိုင်အုပ်ခိုပ်​ရေးအဖွဲ့၊ မူးယစ်​ဆေးဝါး ထိန်းချုပ်​ရေးပူး​ပေါင်းအဖွဲ့တို့သည် ဖိုးဖရမြို့နယ် တောင်ပိုင်း၊ အုပ်စု ၃ ရှိ မြန်မာနိုငွငံသားများငှားရမ်း​နေထိုင်​သည့် အိမ်အား ဝိုင်းဝန်းရှာဖွေစစ်ဆေးစဉ် ဖမ်းဆီးရမိခြင်ဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်မှလာ​သောသတင်းများအရ သိရသည်။

ထို့နောက် တာဝန်ရှိသူများသည် တရားခံများနှင့်အတူ သိမ်းဆည်းရမိသည့်ပစ္စည်းများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ရန် ဖိုးဖရရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *