မြောက်ကိုရီးယား၏ ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယား၏ ရန်စမှုများကို ပြတ်ပြတ်သားသားတုံ့ပြန်သွားမည်ဟု တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၂၀ ရက်တွင် သတိပေးခဲ့သည်။

နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက် လာခြင်းအတွက် တောင်ကိုရီးယားကို စွပ်စွဲ ပြစ်တင်နေခြင်းသည် လက်ခံနိုင်ဖွယ်မရှိ ကြောင်းလည်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။



    ၁၉၅၃ ခုနှစ်တွင် စစ်ရပ်ဆိုင်းရေး သ ဘောတူညီချက်ရရှိခဲ့ပြီးနောက်  ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားသည့် မြေမြှုပ်မိုင်း များ အများအပြား ထောင်ထားသော စစ်မဲ့ဇုန် DMZ  အတွင်း ပြီးခဲ့သည့်လက တောင်ကို ရီးယားစစ်သား သုံးဦး ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုတွင် မြောက်ကိုရီးယားဘက်မှ တာဝန်ရှိကြောင်း တောင်ကိုရီးယားက စွပ်စွဲ ထားပြီး မြောက်ကိုရီးယားကမူ ထိုစွပ်စွဲချက် ကို ငြင်းဆိုထားသည်။

    တောင်ကိုရီးယားနှင့် ကုလသမဂ္ဂ စစ်ဌာ နချုပ်တို့၏ ပူးတွဲစုံစမ်းစစ်ဆေးမှုအရ အဆိုပါ ပေါက်ကွဲမှုသည် နယ်စပ်၏ တောင်ကိုရီးယား ဘက်ခြမ်းတွင် မြောက်ကိုရီးယားက ထောင် ထားသည့် မိုင်းများကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့ပြီး မြောက်ကိုရီးယားအနေ ဖြင့် တောင်းပန်ရန် တောင်ကိုရီးယားက ပြော ကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယားက အဆိုပါမြေမြှုပ်မိုင်းများပေါက်ကွဲမှုနှင့် ပတ် သက်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။

    တောင်ကိုရီးယားနှင့် နယ်စပ်တစ် လျှောက်တွင် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု စိုးမိုးနေပြီး အဆိုပါဧရိယာသို့ သီးခြားဖော် ပြမထားသော နည်းဗျူဟာမြောက် တိုက်ခိုက် ရေး နည်းလမ်းများကို စီစဉ်နေကြောင်း မြောက်ကိုရီးယားက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။    ထို့ပြင် အောက်တိုဘာ ၁ ရက်မှ ၁၇ ရက်အတွင်း တောင်ကိုရီးယားသည် အသံချဲ့ စက်ဖြင့် ရန်လိုသည့် ၀ါဒဖြန့်ထုတ်လွှင့်မှု အကြိမ် ၉၉၈ ကြိမ် ပြုလုပ်ခဲ့ပြီး သတိပေးပစ် ခတ်မှု ၉၁ ကြိမ် ပြုလုပ်ခဲ့သည်ဟုလည်း မြောက်ကိုရီးယားက စွပ်စွဲပြောဆိုခဲ့သည်။

    အောက်တိုဘာ ၂၀ ရက်တွင် တောင်ကို ရီးယားက ယင်းစွပ်စွဲချက်များသည် လက်ခံ နိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပြီး စစ်ရေး တင်းမာမှုများ မြင့်တက်လာခြင်းအတွက် အ ကြောင်းရင်းမရှိဘဲ မိမိတို့ စစ်တပ်အပေါ် အ ပြစ်ပုံချနေသည်ဟု မြောက်ကိုရီးယားကို စွပ် စွဲခဲ့သည်။    မြောက်ကိုရီးယားသည် မိမိတို့၏ တရား ဝင် စစ်ဆင်ရေးဆိုင်ရာ အစီအမံများကို ရန်စ မှုအဖြစ် ပုံဖော်ပြောဆိုခဲ့ခြင်းသည် လက်ခံ နိုင်ဖွယ်မရှိကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဂျင်ယောင် ဆောင်းက ပြောကြားခဲ့သည်။

    တောင်ကိုရီးယားစစ်တပ်၏ တရားဝင် လုပ်ဆောင်ချက်များကို အကြောင်းပြချက် အဖြစ် အသုံးပြု၍ မြောက်ကိုရီးယားက ထပ် မံရန်စမှုများ ပြုလုပ်လာပါက စစ်တပ်အနေ ဖြင့် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် တုံ့ပြန်ကြရန် ဂျင်က အမိန့်ပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

    သီးခြားဖော်ပြချက်တစ်ခုတွင် တောင် ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မိမိတို့ ၏ အသံချဲ့စက် ထုတ်လွှင့်မှုများနှင့် သတိပေး ပစ်ခတ်မှုများသည် မြောက်ကိုရီးယား တပ်ဖွဲ့ များ စစ်ရေးနယ်နိမိတ်မျဉ်းကို ဖြတ်ကျော် မလာစေရန် တားဆီးရန်နှင့် ဖြတ်ကျော်ဝင် ရောက်လာသည့် တပ်ဖွဲ့များကို ပြန်လည် မောင်းထုတ်ရန် တရားဝင် ခုခံကာကွယ်သည့် အစီအမံများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *