လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချိုတွင် ပျံ့နှံနေသည့် ငွေကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဆိုသည့် သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့်သာ စိစစ်အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ ၁ထောင်နဲ့၅ထောင်တန်ငွေစက္ကူဖျက်သိမ်းပြီး ကျပ်၅သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုတဲ့…