မြန်မာ့တပ်မတော်နှင့် အိန္ဒိယ တပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာသင်တန်း UN Peacekeeping Officer Course ကို (၈) ကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခဲ့ပါတယ်။
အဆိုပါသင်တန်းအား ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အရာရှိ ၁၃၀၊ စစ်သည် ၈၄ ဦး တက် ရောက်ခဲ့ကြကာ ယခုသင်တန်းတွင် အရာရှိ ၃၀ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရပါတယ်။

