ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Express ယာဉ် နှစ်စီးတိုက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ယနေ့ မနက်(၃)နာရီဝန်းကျင်တွင် ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ် ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား(၆)ဉီး၊ ကိုရင်(၁)ပါး စုစုပေါင်း (၇)ဦးအနက် ကျား(၃)ဦးနှင့် ကိုရင်(၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျား(၃)ဦး ‌ေ-သဆုံးခဲ့ကြောင်း MFSD မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် က ထုတ်ပြန်ချက်အရသိရသည်။

၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိခိုက်ဒဏ်ရရရှိသူများကို မြိုမလူမှုကူညီရေးအသင်းတိုမှ သူနာတင်ယာဉ်များဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *