အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

​အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်း ညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ (၂၁) ရက်နေ့ နံ နက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် လေ့ကျင့်ရေးအား ကစားရုံ၌ ကျင်းပခဲ့သည်။

​အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘားအဖွဲချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူးများ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *