

တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြိုရှိ China Railway Construction Corporation Limited (CRCC) သို သွားရောက်ကာ တရုတ်နိုင်ငံ၏ ခေတ်မီမီးရထားတည်ဆောက်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်မှု အခြေအနေများကို လေ့လာခဲ့သည်။
လေ့လာရေးခရီးစဉ်အတွင်း CRCC တာဝန်ရှိသူများက ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မီးရထားလမ်းတည်ဆောက်ရေး နည်းပညာများနှင့် ခေတ်မီသယ်ယူပိုဆောင်ရေးစနစ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထိုနောက် နှစ်ဖက်တာဝန်ရှိသူများသည် မီးရထားလမ်းဖောက်လုပ်ရေးနှင့် သယ်ယူပိုဆောင်ရေး အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မီးရထားကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။
