ဩစတြေးလျမှသည် ဥရောပအထိ နိုင်ငံများစွာက ကလေးများ ဆိုရှယ်မီဒီယာအသုံးပြုမှုကိုကန့်သတ်လာ

ဩစတြေးလျနိုင်ငံသည် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် အသက် ၁၆ နှစ်အောက်ကလေးများ ဆိုရှယ်မီဒီယာအသုံးပြုမှုကိုကမ္ဘာပေါ်တွင် ပထမဆုံးအဖြစ်ကန့်သတ်လိုက်ပြီးနောက် ယခုအခါ ဩစတြေးလျမှသည် ဥရောပဒေသအထိ နိုင်ငံများစွာက အလားတူကန့်သတ်မှုများ လုပ်ဆောင်လာကြောင်း သိရသည်။

ကလေးငယ်များ     လူမှုမီဒီယာနှင့်အွန်လိုင်းအသုံးပြုမှုကို တားမြစ်သည့်နိုင်ငံများတွင် ဗြိတိန်၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ဂျာမနီ၊ ဂရိ၊ အိန္ဒိယ၊ အီတလီ၊ မလေးရှား၊နော်ဝေ၊ ပိုလန်၊ ဆလိုဗေးနီးယား၊ စပိန်၊ဆွီဒင်၊ တူကီယဲ၊ အမေရိကန်ပြည်ထောင်စုတို့ပါဝင်သည်။

အဖွဲ့အစည်းအနေဖြင့် ကြည့်မည်ဆိုပါကဥရောပသမဂ္ဂသည် အသက် ၁၃ နှစ်အောက်များကို အွန်လိုင်းအသုံးပြုမှု တားမြစ်ထားပြီး ၁၃ နှစ်မှ ၁၆ နှစ်ကြားကိုမူ အုပ်ထိန်းသူ၏ကြီးကြပ်မှုဖြင့်သာ အသုံးပြုခွင့်ပေးထားသည်။ အလားတူ နည်းပညာကုမ္ပဏီများ ဖြစ်သော TikTok၊ Facebook နှင့် Snap- chat တို့က အနည်းဆုံးအသက် ၁၃ နှစ်နှင့်အထက်များကိုသာ မှတ်ပုံတင်ခွင့်ပြုထားသည်။ သို့သော် ယခုကဲ့သို့ထိန်းချုပ်မှုများသည် လုံလောက်မှုမရှိကြောင်း၊ ဥရောပနိုင်ငံအများစုတွင် အသက် ၁၃ နှစ်အောက် ကလေးငယ်များပင်လျှင် ဆိုရှယ်မီဒီယာ အကောင့်များ ရှိနေဆဲဖြစ်ကြောင်း ကလေးသူငယ်ကာကွယ်ရေး အဖွဲ့များက ထုတ်ပြန်ထားသည်။  

Leave a Reply

Your email address will not be published. Required fields are marked *