မြန်မာ-တရုတ် ဆက်ဆံရေး အခန်းကဏ္ဍသစ်ဆီသို့ ဦးတည်သည့် သဘောတူညီချက်များ လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များနှင့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို ဇွန် ၁၆ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံကြား သဘောတူစာ ချုပ်နှင့်နားလည်မှုစာချွန်လွှာ(၁၈)ခုကို သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံတာဝန်ရှိသူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *