လာအိုတပ်မတော်၏ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့​ရောက်ရှိ

မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် လာအိုပြည်သူ့တပ်မတော်၏ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲဖြစ်သူ Major General Vanthong BOUTTAVONG ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာ​ကြောင်း သိရသည်။

ထိုသို့ရန်ကုန်မြို့သို့ ​ရောက်ရှိလာသည့် လာအိုပြည်သူ့တပ်မတော် ချစ်ကြည်​ရေးကိုယ်စားလှယ်အဖွဲ့ကို တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအို စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၂ ရက်ထိ ၅ ရက်ကြာ နေထိုင်၍ မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *