အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး

 ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌  မေလ ၂၃ ရက်နံနက်ပိုင်းတွင်  အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား  (၄၂)ကြိမ်မြောက်  ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ ရေသန့်၊ ကော်ဖီနှင့်မုန့်များ တိုက်ကျွေးနေမှုများကို ကြည့်ရှုအားပေးပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့်  ဆေးဝါးလိုအပ်ချက်မရှိစေရေး  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်း နယ်ပယ်များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် အသက်ရှည် ကျန်းမာစွာနေထိုင်ရေး   ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏  ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်း မြို့နယ်၂၈မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး တစ်လစာ  လစဉ်ပံ့ပိုးပေးခြင်းအပြင်  ကာကွယ်ဆေးထိုးပေးခြင်းနှင့် အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။     

Leave a Reply

Your email address will not be published. Required fields are marked *