❝အစေ့ထုတ်ပြောင်း (မိုး) စိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင်မီးရှိခြင်းမပြုလုပ်ရန် အသိပေး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟎》

အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် တောင်သူများအနေဖြင့် အစေ့ထုတ်ပြောင်း (မိုး) စိုက်ရာသီမတိုင်မီ စိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင်မီးရှိခြင်းအား လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်းမပြုရန် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်း
မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲက အသိပေးတားမြစ်အပ်ထားသည်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူနှင့် PM2.5 လေထုညစ်ညမ်းခြင်းကို လျှော့ချနိုင်ရန် တောင်ယာခုတ်ထွင်မီးရှိခြင်း မပြုလုပ်သည့် ဒေသများမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကိုသာ တင်သွင်းခွင့်ပြုနေခြင်းဖြစ်သည်။

အလားတူ ထိုင်းနိုင်ငံသို တင်ပိုမည့် အ‌စေ့ထုတ်ပြောင်းဆန်များ၏ စိုက်ပျိုးထွက်ရှိရာ ဒေသများတွင် ‌တောင်ယာခုတ်ထွင်မီးရှိခြင်း ရှိ /မရှိကို စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသဌာန (ASEAN Specialized Meteorological Centre-ASMC) မှပေးပိုသည့် Fire Hotspot ဖြစ်ပေါ်တွေ့ရှိမှုများကို အခြေခံကာ နောက်ကြောင်းပြန်စိစစ်သည့် အစီအစဉ်များဖြင့် စနစ်တကျစိစစ်၍ မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေး လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲအနေဖြင့် ထောက်ခံချက်များကို ထုတ်ပေးနေခြင်းလည်းဖြစ်သည်။

သိုဖြစ်သဖြင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် တောင်သူများအနေဖြင့် အစေ့ထုတ်ပြောင်း (မိုး) စိုက်ရာသီမတိုင်မီ စိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင်မီးရှိခြင်းအား လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်းမပြုရန် ယခုလို အသိပေးတားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *