မြန်မာ-ထိုင်း အမှတ်၂ချစ်ကြည်​ရေးတံတား မကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်မည်

မြန်မာ-ထိုင်း၊မြဝတီ-မဲ​ဆောက် အမှတ်၂ချစ်ကြည်​ရေး ကုန်သွယ်တံတားအား မကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်မည် ရန်ပြင်ဆင်မှုများ လုပ်​ဆောင်​နေ​ကြောင်း Thai TBS News သတင်း၌ ​ရေးသား​ဖော်ပြချက်အရသိရသည် ။

အ​ရှေ့​အ​နောက်စီးပွား​ရေစကြ်န်လမ်း နယ်စပ်ကုန်သွယ်​ရေးတွင်အဓိက ကုန်သွယ်တံတားဖြစ်သည့် မြဝတီ-မဲ​ဆောက်မြဝတီ အမှတ်ချစ်ကြည်​ရေးတံတားအား ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်​နေ့က ကုန်သွယ်ယာဉ်များသွားလာခြင်းကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်​ရေးအတွက် အမှတ်၂ ချစ်ကြည်​ရေးတံတားကို ဖွင့်လှစ်​တော့မည်ဟုသတင်းများထွက်​ပေါ်​နေ​သော်လည်း သက်ဆိုင်ရာမှ တစ်စုံတစ်ရာထုတ်ပြန်အသိ​ပေးခြင်းမရှိ​သေး​ကြောင်း နယ်စပ်ကုန်သည်တစ်ဦးက​ပြောသည်။

ချစ်ကြည်​ရေးတံတားအမှတ်၂ မှ ကုန်တင်ယာဉ်သွားလာခြင်းရပ်ဆိုင်းလိုက်ပြီ​နောက် တရားဝင်နယ်စပ်ကုန်သွယ်​ရေးလည်းရပ်ဆိုင်ခဲ့သည်။အမှတ်၂ ချစ်ကြည်​ရေးတံတားပြန်လ် ဖွင့်လှစ် ခြင်းဖြင့် နယ်စပ်ဒေသ စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုများ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *