မြန်မာ-ထိုင်း၊မြဝတီ-မဲဆောက် အမှတ်၂ချစ်ကြည်ရေး ကုန်သွယ်တံတားအား မကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်မည် ရန်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း Thai TBS News သတင်း၌ ရေးသားဖော်ပြချက်အရသိရသည် ။
အရှေ့အနောက်စီးပွားရေစကြ်န်လမ်း နယ်စပ်ကုန်သွယ်ရေးတွင်အဓိက ကုန်သွယ်တံတားဖြစ်သည့် မြဝတီ-မဲဆောက်မြဝတီ အမှတ်ချစ်ကြည်ရေးတံတားအား ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ကုန်သွယ်ယာဉ်များသွားလာခြင်းကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးအတွက် အမှတ်၂ ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်တော့မည်ဟုသတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာမှ တစ်စုံတစ်ရာထုတ်ပြန်အသိပေးခြင်းမရှိသေးကြောင်း နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။
ချစ်ကြည်ရေးတံတားအမှတ်၂ မှ ကုန်တင်ယာဉ်သွားလာခြင်းရပ်ဆိုင်းလိုက်ပြီနောက် တရားဝင်နယ်စပ်ကုန်သွယ်ရေးလည်းရပ်ဆိုင်ခဲ့သည်။အမှတ်၂ ချစ်ကြည်ရေးတံတားပြန်လ် ဖွင့်လှစ် ခြင်းဖြင့် နယ်စပ်ဒေသ စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုများ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
