ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းမပေါ်ရှိ ဆည်ပေါက်ချောင်းရေလျှံမှုကြောင့် ယာဉ်တစ်စီး ရေစီးနှင့်အတူမျှောပါ

န္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းမပေါ်ရှိ ဆည်ပေါက်ချောင်းရေလျှံမှုကြောင့် ယာဉ်တစ်စီး ရေစီးနှင့်အတူမျှောပါခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၆ ခုနှစ် ဧပြီလ ၂၆ ရက် ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း – ပုပ္ပါးလမ်းမပေါ်ရှိ ဆည်ပေါက်ချောင်းရေလျှံမှုကြောင့် ယာဉ်တစ်စီး ရေစီးနှင့်အတူမျှောပါခဲ့ကြောင်း၊ ခရီးသည်များ ယာဉ်ပေါ်တွင် ပိတ်မိနေခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ ယာဉ်ပေါ်ပါ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် ကလေး ၃ ဦးတို့အား ညနေ ၆ နာရီ ၃၄ မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း ဆက်လက်သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *