မြန်မာအမျိုးသားလေကြောင်းက လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ ဧပြီ ၂၄ ရက်မှစ၍ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းမည်

မြန်မာအမျိုးသားလေကြောင်းက လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ ဧပြီ ၂၄ ရက်မှစ၍ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်မှ စတင်ကာ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များသို့ ရက်သတ္တ တစ်ပတ်လျှင် ၃ ရက်ဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တနလ်ာနေ့တွင် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်၊ ဗုဒ္ဓဘူးနေ့တွင် ရန်ကုန်-ကျောက်ဖြူ-မာန်အောင်-ရန်ကုန်၊ သောကြာနေ့တွင် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန် စသဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကိုအခြေပြုကာ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့ ရက်သတ္တတစ်ပတ်လျှင် ၆ ရက်ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနလာ်နေ့တွင် မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ်၊ အဂ်ါနေ့တွင် မြိတ်-ထားဝယ်-မြိတ်၊ ဗုဒ္ဓဘူးနေ့တွင် မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ်၊ ကြာသပတေးနေ့တွင် မြိတ်-ထားဝယ်-မြိတ်၊ သောကြာနေ့တွင် မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ်၊ တနဂ်နွေနေ့တွင် မြိတ်-ထားဝယ်-မြိတ် စသဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

တိုးချဲ့ ပျံသန်းမည့် လေယာဉ်ခရီးစဉ်အသေးစိတ်အချက်အလက် များနှင့် လေယာဉ်လက်မှတ်များအား မြန်မာအမျိုးသားလေကြောင်း Website ဖြစ်သည့် www.flymna.com တွင် ဝင်ရောက် ကြည်ရူ့ဝယ်ယူနိုင်ပြီး သက်ဆိုင်ရာမြို့များရှိ လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *