တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ် ရှင်သန် ထက်မြက်လာစေရန်၊   ခေတ်အဆက်ဆက်တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုး ညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့်  ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့   လာရောက်လေ့လာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိ မြို့နယ်ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ရေဆင်း)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် စိတ်အား ထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။ဦးစွာ ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့ တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ 

ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်းနှင့်ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။    ထို့နောက် ကျောင်းသား၊  ကျောင်းသူများသည် တပ်မတော်(ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်း များကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာမေးမြန်းကြသည်။ ထို့ပြင် ပြင်ပပြကွက် များတွင် ခင်းကျင်းပြသထားသည့်  တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများကိုပါ လေ့လာခဲ့ ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

လေ့လာရေးခရီးသွားရောက်ခဲ့သည့်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါတယ်-“ကျွန်မကတော့    နေပြည်တော် ဇေယျာသီရိမြို့နယ်   အခြေခံပညာအလယ်တန်း ကျောင်း (ရေဆင်း)မှ ဒုတိယအလယ်တန်းပြဆရာမ  ဒေါ်ခင်မြတ်နိုး ဖြစ်ပါတယ်။ ကျွန်မကတော့ Grade-8 ကျောင်းသားတွေ ရဲ့တာဝန်ကြီးကြပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းမှုအနေနဲ့လိုက်လာတာဖြစ်ပါတယ်။ ကျွန်မရဲ့ပထမဦးဆုံးလေ့လာရေး အတွေ့ အကြုံ  ခရီးလည်းဖြစ်ပါတယ်။ ကလေးတွေက သမိုင်းနဲ့ပတ်သက်တဲ့   အကြောင်းအရာတွေကို အရင်တုန်းက ဆိုရင် သင်ခန်းစာထဲမှာပဲ သင်ကြားခဲ့ရပါတယ်။    အခုဆိုရင် သင်ခန်းစာနဲ့   ပတ်သက်ဆက်စပ်တဲ့ လက်တွေ့ မြန်မာနိုင်ငံ ရဲ့သမိုင်းကြောင်းတွေ တပ်မတော်ရဲ့သမိုင်းတွေအကုန်လုံးကို ဒီစစ်သမိုင်းပြတိုက်မှာ အကုန်လုံးကို လက်တွေ့လာရောက်   ဆက်စပ်ပြီးလေ့လာခွင့်ရတာကြောင့်   ကလေးတွေအတွက် ဗဟုသုတတွေပိုပြီးတိုးပွားစေလို့ ကျွန်မကပိုပြီး ဝမ်းသာဂုဏ် ယူမိပါတယ်။   ကျွန်မတို့ကျောင်းတွေကို  တပ်မတော်စစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးစဉ်တွေ စီစဉ်ပေးတဲ့ အတွက် တာဝန်ရှိတဲ့အကြီးအကဲတွေရော  တာဝန်ရှိတဲ့သက်ဆိုင်ရာ လူကြီးမင်းတွေအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ ကြောင်း ပြောကြားချင်ပါတယ်ရှင်”ဟုပြောသည်။

“သမီးကတော့ နေပြည်တော် ဇေယျာသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း  (ရေဆင်း) Grade-9 မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ မအိမြတ်ကျော်ဖြစ်ပါတယ်ရှင်။ သမီးအရင်က ဒီနေရာကို တစ်ခါမှမလေ့လာဖူးပါဘူး ရှင်။ ဒါပထမဆုံးရောက်ဖူးတာပါရှင်။ အခုလို တပ်မတော်စစ်သမိုင်းပြတိုက်ကို ပထမဆုံးလေ့လာခွင့်ရတဲ့အတွက်   အရမ်းပျော်ပါတယ်။ ဗဟုသုတတွေလည်း   အများကြီးရပါ တယ်ရှင်။ လေယာဉ်အမျိုးအစားတွေကို အများကြီးတွေ့ရှိ လေ့လာခွင့်ရပါတယ်ရှင်။  အခုလို  သမီးတို့ကိုလေ့လာခွင့်ရအောင်ဆောင်ရွက်ပေးတဲ့  ဆရာ၊ ဆရာမများအပါအဝင် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားလိုပါတယ်ရှင်”ဟုပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *