ပြည်ပသို ပိုကုန်များ တင်ပိုခဲ့ပြီး နိုင်ငံတော်သို ပိုကုန်ရငွေဒေါ်လာ ၅၁ သန်းကျော် ပြန်လည်ပေးသွင်းမှုမရှိသည့်အပြင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများအား ဆဲဆို၊ ခြိမ်းခြောက်ခဲ့သူများ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးလုပ်ငန်းရှင်အချိုမှာ ၎င်းတို၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏ စီးပွားရေးနှင့် ငွေကြေးမူဝါဒများကို ကမောက်ကမဖြစ်စေရန်ရည်ရွယ်၍ မသမာသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။#News

