လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပါတယ်

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်ကို နိုဝင်ဘာလ ၂၄ ရက်မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ကြေညာထားပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ နေ့သင်တန်းများအားလုံး ဘာသာစုံ၊ အတန်းစုံ ဖွင့်သွားမှာဖြစ်ပြီး ကျောင်းဝင်ခွင့် မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်မှ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။

လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ် မည့် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကာလအတန်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့တဲ့ ရှမ်း‌/မြောက်ဒေသ လားရှိုးမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီးနောက် ပညာရေး၊ ကျန်းမာရေးအစရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအဆင့်လိုက် စီမံချက်ချဆောင်ရွက် ပေးနေခြင်းဖြစ်ပါတယ်။

CRD/PAN

Leave a Reply

Your email address will not be published. Required fields are marked *