မိုနာကိုကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ယနေ့ကစားမယ့် ရန်းစ်အသင်းနဲ့ အမှတ်ပေးပွဲမှာ ပထမဆုံး ပွဲထွက်ကစားဖို့ ရှိနေပါတယ်။ပေါ့ဘာ(၃၂ နှစ်)ဟာ ပြီးခဲ့တဲ့နွေရာသီက မိုနာကိုအသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
ဒါပေမဲ့ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကြောင့် အချိန်စောင့်ခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်မှာ စတင်ကစားဖို့ စီစဉ်ခဲ့ပေမဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲလို့ လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရာကနေ ၁၉ လကို လျှော့ချပေးခဲ့လို့ ပြီးခဲ့တဲ့မတ်လကတည်းက ပွဲကစားခွင့် ပြန်ရနေတာပါ။
ပေါ့ဘာအနေနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂျူဗင်တပ်စ်နဲ့အတူ အမ်ပိုလီနဲ့ကစားတဲ့ စီးရီးအေပွဲမှာ နောက်ဆုံးပွဲအဖြစ် ကစားခဲ့ပါတယ်။မိုနာကိုအသင်းလူစာရင်းမှာ ပါဝင်လာတဲ့ ပေါ့ဘာဟာ ရန်းစ်နဲ့ပွဲမှာ ကစားဖြစ်ရင် ကစားသမားဘ၀ ပထမဆုံးလီဂူးပွဲ ဖြစ်လာပါလိမ့်မယ်။
crd,eleven
