မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာမှ PDF အဖွဲ့ဝင် (၁) ဦးကို ပြည်သူ့စစ်အဖွဲ့ (ကျောင်းကုန်းကြီး) က စိစစ်ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ည ၈ နာရီ အချိန်ခန့်က ရေပုတ်ကလေးကျေးရွာမှ နိုင်မြင့် (ဘ) ဦးခင်မောင်အေး သည် မိုင်းထိသဖြင့် ဆေးကုသရန် ရေပုတ်ကြီးကျေးရွာမှ ပွင့်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးသို့ သုံးဘီးယာဥ်ဖြင့် သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့စစ်အဖွဲ့ (ကျောင်းကုန်းကြီး) က အဆိုပါ သုံးဘီးယာဥ် အား မသင်္ကာသဖြင့် လိုက်လံစစ်ဆေးရာ နိုင်မြင့် (ဘ) ဦးခင်မောင်အေး ဆိုသူသည် PDF အဖွဲ့ဝင်ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ PDF အဖွဲ့ဝင် သည် လွန်ခဲ့သည့် ၈ ရက်ခန့်က သန်းလင်းထိုက် (ခ) ထိုက်ကြီး ခေါင်းဆောင်သော GZ အဖွဲ့သို့ ဝင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယင်းနေ့ ည ၈ နာရီ အချိန်ခန့်တွင် PDF အဖွဲ့ဝင်များသည် ရေပုတ်ကြီးကျေးရွာ နှင့် ရေပုတ်ကလေးကျေးရွာ ကြားအား လှည့်လည်နေစဥ် ရေပုတ်ကလေးကျေးရွာ နှင့် ၁ မိုင်ခန့်အကွာ လမ်းတွင် ၎င်းတို့ထောင်ထားသောမိုင်းကို ပြန်နင်းမိ၍ မိုင်းပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆီမီးအိမ်
▪️MFG media
