မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို စော်ကားနေတဲ့ CSW

CSW ဆိုတာက Christian Solidarity Worldwide ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ ဆိုတဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုပါ။

အဲ့ CSW အဖွဲ့က ၂၀၂၅ နိုဝင်ဘာ ၄ ရက်နေ့မှာ မြန်မာ့တပ်မတော်က ခရစ်ဘာသာဝင်တွေ၊ အခြားဘာသာဝင်တွေကို ထိုးစစ်ဆင်မှု အရှိန်မြှင့်လုပ်နေကြောင်း၊ ချင်းပြည်နယ်ကို စစ်ရေးအကြမ်းဖက်မှုလုပ်နေကြောင်း အထောက်အထားမဲ့ စွပ်စွဲထုတ်ပြန်ထားတာ တွေ့ရတယ်။ အဲဒီ သောက်ကျိုးနည်း CSW အဖွဲ့က ပြည်ဖျက်မီဒီညာတွေရဲ့ ထပ်ခါတလဲလဲ ထုတ်လွှင့်နေတဲ့ သတင်းအတု၊ သတင်းအမှားတွေ၊ Data အချက်အလက်တွေကို Code လုပ်ပြီး ဟိုးအဝေးကြီးကနေ စွပ်စွဲ အာချောင်နေတော့ ကျနော်က အထောက်အထားတွေနဲ့ ပြန်ရှင်းပြပါမယ်။

လက်ရှိ မြန်မာနိုင်ငံက ကိုယ်ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသလို ဘာသာခြားမို့ ဒီနေရာ မသွားရဘူး၊ ဒီစားသောက်ဆိုင် မဝင်ရဘူးလို့ ကန့်သတ်ချုပ်ခြယ်ထားတာမရှိပါ။ ရှိရင် အထောက်အထားနဲ့ လာပြလှည့်။ ဘုရားစေတီတွေမှာတောင် ဘာသာခြားတွေ လာရောက်လေ့လာနေတာ အများအမြင်ပဲ။ ပြီးတော့ မြန်မာပြည်မှာ အခြားဘာသာရေးဆိုင်ရာ ကိုးကွယ်ရာ အဆောက်အဦတွေ၊ ဘာသာရေးဆိုင်ရာ စာသင်ကျောင်းတွေ အများကြီးပဲဆိုတာ ၂၀၂၅၊ အောက်တိုဘာလအထိ စာရင်းကို ဖော်ပြပေးထားပါတယ်။ ဒီအချက်အလက်တွေကို CSW ဆိုတဲ့ ဘာသာရေး အယောင်ဆောင်အဖွဲ့က သိသင့်တယ်။ စာရင်းကိုသာ ကြည့်ကြပါ။

CSW ဥက္ကဌဆိုသူက ပြောသေးတယ်.. “ပြည်သူ့စစ်မှုထမ်း ဥပဒေကို ချက်ချင်းဖျက်သိမ်းရမယ်”တဲ့။ ဟာ.. သောက်ရူးလို့ပဲ ဆဲချင်တယ်။ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဒီဥပဒေကို ရေးဆွဲပြဌာန်းထားတာ။ မင်းတို့လို ဘာသာရေးအဖွဲ့အစည်းမပြောနဲ့ ဘယ်အင်အားကြီးနိုင်ငံကမှ ဖျက်သိမ်းလို့မရဘူး။ ဘာလို့လဲဆိုတော့ မြန်မာဆိုတာ Sovereign state.. အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လို့။ ကမ္ဘာတဝှမ်းမှာလည်း သူ့ဒေသနဲ့အညီ ပြည်သူ့စစ်မှုထမ်းတွေ ထမ်းနေတာ မသိတာလား မသိ။

အခု ချင်းပြည်နယ်အကြောင်းကို ထပ်ပြောမယ်။ ချင်းပြည်နယ်ဆိုတာ သမိုင်းအစဉ်အဆက်အရ သူပုန်မရှိတဲ့နယ်မြေ။ ၂၀၂၁ ဖြစ်စဉ်နောက်ပိုင်း NUG ရဲ့ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကြောင့် CNA, CNF, PDF စတဲ့ အကြမ်းဖက်အဖွဲ့ မျိုးစုံပေါ်လာပြီး အပြစ်မဲ့ပြည်သူတွေကို “ငါနဲ့ မတူ.. ငါ့ ရန်သူ” ဆိုတဲ့အကြမ်းဖက်ဝါဒနဲ့ သတ်ဖြတ်တာတွေ၊ အစိုးရ/ ပြည်သူပိုင် ရုံး/ဌာနအဆောက်အဦတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကို မင်းမဲ့စရိုက်ဆန်ဆန် မီးရှို့၊ မိုင်းထောင်ဖျက်ဆီးနေတာတွေ လုပ်ကြတယ်။ ပြီးတော့ ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ပြည်သူ့နေအိမ်တွေမှာ ခံစစ်စခန်းလုပ်ပြီး အစိုးရတပ်မတော်ကို ပုန်ကန်ကြတယ်(အထောက်အထားနဲ့ ပုံတွေ ဖော်ပြထားတယ်.. CSW မြင်အောင်ကြည့်)။

ဒါမျိုး အကြမ်းဖက်သမားတွေကို မင်းတို့နိုင်ငံမှာဆိုရင်ရော ဒီအတိုင်း လွှတ်ပေးထားမှာလား? အစိုးရတပ်မတော်က ပြည်သူတွေရဲ့ဘဝတွေကို ကာကွယ်ဖို့ အပြည့်အဝတာဝန်ရှိတယ်။ ဒါကြောင့် အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အားနဲ့ ROE နဲ့အညီ Counter Terrorism Operation လုပ်တယ်။ ဘာသာရေးအဆောက်အဦတွေကို ကာဗာလုပ်ပြီး ခံစစ်ပြုထားတဲ့ အကြမ်းဖက်ကို နှိမ်နင်းရာမှာ ထိခိုက်မှုအနည်းငယ်တော့ရှိမှာပဲ။ ဒါက Intention (ရည်ရွယ်ချက်) ရှိရှိနဲ့ လုပ်တာ မဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လိုမယ်။ နောက်တစ်ခုပြောဦးမယ်.. အကြမ်းဖက်တွေမရှိတဲ့ ဒေသက ချက်ရှ် ကျောင်းတွေ၊ ဗလီတွေ၊ ဘုန်းကြီးကျောင်းတွေဟာ ဘာလို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ရှိနေရတာလဲ.. စာရင်းကိုပြန်ကြည့် မင်းတို့ပြောတဲ့ ပျက်စီးပါတယ်ဆိုတဲ့အရေအတွက်နဲ့ ငြိမ်းချမ်းနေတဲ့ ကိုးကွယ်ရာနေရာတွေ ဘယ်လောက်ရှိလဲဆိုတာကို။

ဒါကြောင့် CSW ရဲ့ လေဖမ်း ဒန်းစီး၊ ပေါက်လွတ်ပဲစား စွပ်စွဲချက်တွေကို အစိုးရအနေနဲ့ရော၊ မြန်မာ့တပ်မတော်အနေနဲ့ရော၊ မြန်မာပြည်သူတွေအနေနဲ့ရော လုံးဝလက်မခံဘူး၊ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ လိုအပ်ရင် တရားပါစွဲဦးမယ်။။။

KT (https://t.me/kothetjournalist9000)

Leave a Reply

Your email address will not be published. Required fields are marked *