ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်မှ Luojia 110 ပန်းဆီရောင် ဆိုင်ကယ် တစ်စီးကို ခိုးယူ မောင်းနှင်သွားတဲ့ TNLA တပ်သား တစ်ဦးကို ပြည်သူတွေက ဝိုင်းဖမ်းဆီးခဲ့တယ်လို သိရပါတယ်…
ဆိုင်ကယ် ခိုးယူသွားတဲ့ TNLA တပ်သားက နမ့်ဆန်ဘက်မှ ဖြစ်ပြီး လက်ရှိကွတ်ခိုင်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေရသူ ဖြစ်ကြောင်းသိရပါတယ်ရှင့်။
TNLA အရာရှိပိုင်းတွေက မိုးကုတ်နဲ့ တခြားရှမ်းမြောက်မြို့နယ်တွေက ဆက်ကြေး၊ အခွန်ကောက်ပြီးရတဲ့ ပိုက်ဆံတွေနဲ့ ချမ်းသာပြီး တခြားပြည်မက မြိုကြီးတွေမှာ ခြံတွေ၊ တိုက်တွေ ဝယ်ထားနိုင်ပေမယ့် အောက်ခြေ TNLA တပ်သားတွေကတော့ တောင်ပေါ်က ပလောင်လူမျိုးအများစုပဲ ဖြစ်ပါတယ်။
Crd_htinmyataung
