အချက်အလက်တလွဲတွေနဲ့ မြန်မာနိုင်ငံကို သတင်းအမှားတွေနဲ့အပုတ်ချနေတဲ့ CSW (Christian Solidarity Worldwide) ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့အနေနဲ့ ဒါတွေကို ဘယ်လိုဖြေရှင်းသွားမှာလဲ???
- CSW အဖွဲ့ဟာ ကိုးကွယ်မှုဘာသာအယူအဆခွဲခြားမှုရှိနေပြီး မျှတမှုမရှိ အသည်းအသန် စိုးရိမ်ပြနေချိန်မှာ ဒီအကြမ်းဖက်အဖွဲ့ တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေ အကြောင်းကိုတော့ ဘာကြောင့် တစ်ခွန်းမှ မပြောတာလဲ..?
- သုတေသနထဲမှာ NUG/PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသွားကြတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူ (၅,၇၆၇) ဦး ၊ဗုဒ္ဓဘာသာ ရဟန်း/သံဃာတော် (၈၈) ပါးနဲ့ သီလရှင် (၂) ပါး အကြောင်းတွေကိုရော ဘာကြောင့် ဖော်ပြမထားတာလဲ..?
- အနာဂတ်မျိုးဆက်သစ်တွေကို ပညာသင်ပေးနေတဲ့ ဆရာ/ဆရာမ (၇၈) ဦး အပါအဝင်၊ ပြည်သူ့ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ ထောင်နဲ့ချီပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာကိုရော ခရစ်ယာန်ညီညွတ်ရေးအဖွဲက ဘာ့ကြောင့် မသိဟန်ဆောင်နေတာလဲ..?
- ပြည်သူပိုင် စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦ ၅၆၀ ခုကို ဗုံးခွဲမီးရှို့ ဖျက်ဆီးခဲ့တာ၊ တံတားတွေ၊ ဆေးရုံတွေ၊ အုပ်ချုပ်ရေးရုံးတွေကို မိုင်းခွဲခဲ့တာတွေကရော ဘာသာရေး လွတ်လပ်ခွင့်စံနှုန်းတွေနဲ့ မကိုက်ညီလို့ မဖော်ပြဘဲ ချန်ထားတာလား..?
ခေါင်းစဉ်တပ်တော့ မျှတမှု၊ သတင်းဖော်ပြတော့ အကုန်တလွဲဖြစ်တဲ့အပြင် တစ်ဖက်စောင်းနင်းနဲ့…
ဘာသာရေး အဆောက်အအုံတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ရဟန်းသံဃာ၊ ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသား၊ အရပ်သားပြည်သူတွေကို အကြမ်းဖက် NUG /PDF /EAOs ဘယ်လိုဖျက်ဆီးသလဲ၊ ဘယ်လိုသတ်ဖြတ်သလဲဆိုတာတွေကို အမှန်အတိုင်းသိချင်တဲ့ ဆန္ဒရှိရင် တိုက်ပွဲသတင်းစုံ Channel မှာ အကုန်တင်ပေးထားတယ်။ ဝင်ကြည့်လို့ ရပါတယ်
Crd_မှိုင်းဝေ




