ရခိုင်ဒေသအတွင်းမှာ အကြမ်းဖက် AA ရခိုင်သူပုန်တွေက ကျေးရွာတွေထဲမှာ စခန်းချတယ်၊ ဒေသခံတွေကို လူသားတံတိုင်းလို အသုံးချတယ်၊ ရွာတွေကို ထမင်းထုပ်ဆင့်စေတယ်၊ ဆက်ကြေးကောက်တယ်၊ အဓမ္မလူသစ်ဆွဲတယ် စတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဒေသခံတွေက တော်တော်မုန်းနေကြပြီ။
ဒါကြောင့် ဒေသခံရခိုင်လူမျိုးတွေကိုယ်တိုင်က AA အဖွဲ့တွေရဲ့ စခန်းချနေရာတွေ၊ အခြေပြုနေရာတွေကို ဗုံးကြဲဖို့ အတိအကျ သတင်းပေးလျက်ရှိပါတယ်။
တပ်မတော်က ရရှိသတင်းကို ခွဲခြမ်းစိတ်ဖြာပြီး စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲချေမှုန်းတာဖြစ်လို့ ROE နဲ့ ညီတယ်။ အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်တာမျိုး အရင်ကလည်း မရှိဘူး၊ နောင်လည်း ရှိမှာ မဟုတ်ပါဘူး။ သူပုန်နဲ့ ပလူးပလဲနေတဲ့သူတွေ ပါသွားရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။
တပ်က သတင်းပေးတဲ့ဒေသခံတွေ အများကြီးရှိတယ်ဆိုတာ အကြမ်းဖက်သူပုန်တွေ သဘောက်ပေါက်ဖို့ လိုပါလိမ့်မယ်။ စစ်ရေးပစ်မှတ်တွေကို ထပ်မံချေမှုန်းနေပါလိမ့်မယ်။
တိုက်ပွဲသတင်းစုံ


