အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာနိုင်ငံကို လာမယ့် ခရီးစဉ်ခေတ္တရွေ့

အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံကို ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ လာရောက်မယ့် ခရီးစဉ်ကို နောက်လထဲ ခေတ္တရွေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

-ခရီးစဉ်ကို ရွေ့ဆိုင်းလိုက်ရတဲ့ အကြောင်းရင်းတွေကို သေချာမသိရသေးပေမယ့် လတ်တလောမှာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဒီခရီးစဉ်ကို ခေတ္တရွေ့ထားရတာဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောကြပါတယ်။

-ဒီခရီးစဉ်ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မိုဟာမက် ဟာဆန် ခေါင်းဆောင်ပြီး မြန်မာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လာရောက်ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။-

Leave a Reply

Your email address will not be published. Required fields are marked *