၂၀၂၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် မဲခိုးမှုကို ဥပဒေကြောင်းအရ ရင်မဆိုင်ဘဲ ပြည်ပထွက်ပြေးပြီး စင်ပြိုင်အစိုးရပုံစံမျိုးလုပ်ခဲ့တဲ့ NUG အဖွဲ့ကို ရှားရှားပါးပါး တရားဝင်သဘော ထိတွေ့ဆက်ဆံခဲ့တဲ့ တီမောလက်စတေနိုင်ငံကတော့ သူ့အမှားသူသိပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လာရောက်တောင်းပန်ခဲ့ပါတယ်…-တီမောသမ္မတက နိုဗယ်ဆုရှင်ဖြစ်လို့ လစ်ဘရယ်အစွန်းရောက်ပြီး တရားဝင်မဟုတ်တဲ့ ပြည်ပြေးအစိုးရ NUG ကို အသိအမှတ်ပြု၊ ရုံးခန်းဖွင့်ခွင့်ပေးခဲ့ပြီး နစကအစိုးရ မထောက်ခံကြောင်း ပြသခဲ့ပါတယ်…
-နိုင်ငံတကာမှာ Legitimacy အရ နစက အစိုးရအနေနဲ့ တရားဝင်အစိုးရဖြစ်ပြီး ပြည်ပြေးအစိုးရ လို့ လေလှိုင်းထဲမှာ ဖွဲ့စည်းလှုပ်ရှားနေတဲ့ NUG ကတော့ အကြမ်းဖက်လုပ်ရပ်များကြောင့် တရားမဝင်အစိုးရ ဖြစ်ပါတယ်…-ဒါကြောင့်လည်း တရားမဝင်အကြမ်းဖက်အဖွဲ့ကို အသိအမှတ်ပြုခဲ့တဲ့ တီမောနိုင်ငံကို နစကအစိုးရက ကန့်ကွက်ခဲ့ပြီး တီမောနိုင်ငံ အာဆီယံအဖွဲ့ထဲဝင်ခွင့်ကို မထောက်ခံခဲ့ပါဘူး…-အာဆီယံရဲ့ ပဋိညာဥ်အရ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူကို မလိုက်နာတဲ့ တီမောနိုင်ငံ ကို မြန်မာအစိုးရက ပညာပေးလိုက်လို့ အာဆီယံအဖွဲ့ဝင်ဖြစ်ချင်တဲ့ တီမောနိုင်ငံက မြန်မာအစိုးရကို လာရောက်တွေ့ဆုံပြီး မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းများကို ရုံးခန်းဖွင့်လှစ်ခြင်း၊ တရားမဝင် ဆန့်ကျင်တဲ့ လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းတွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း မျက်နှာငယ်လေးနဲ့ လာရောက်ရှင်းပြခဲ့ပါတယ်…
-သံတမန်ရေးဝါရင့်နေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကတော့ တီမောမြို့တော် ဒီလီမှာ မြန်မာသံရုံးဖွင့်ဖို့ စဥ်းစားပေးမယ်လို့ သံတမန်ပရိယာယ်နဲ့ ပြန်ကြားခဲ့ပြီး တီမောနိုင်ငံနဲ့ NUG အဖွဲ့တို့ရဲ့ ထိတွေ့ဆက်ဆံမှုကို စောင့်ကြည့်ပြီးမှ အာဆီယံဝင်ခွင့်အတွက် ထောက်ခံ/ မထောက်ခံ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့တယ်လို့ သိရပါတယ်…-
ခင်ညိုချော

