ဒီနှစ်ပြောင်းလဲတိုးတက်လာတာလေး တစ်ခုတွေ့မိတယ်။ ဘာလဲဆိုတော့..DSA, DSMA, DSTA ဗိုလ်လောင်းဝင်ခွင့် လျှောက်လွှာတင်သွင်းသူတွေ မနှစ်ကထက် ၂ ဆ ကျော်တိုးတက်လာပါတယ်။ ဒါဟာဘာကိုပြလဲဆိုတော့.. အစိုးရရဲ့ legitimacy တိုးတက်လာတာရယ်.. တပ်မတော်အပေါ် ပြည်သူလူထုတွေ ယုံကြည်ကိုးစားလာမှု မြင့်မားလာတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။
-အစိုးရနဲ့ တပ်မတော်အပေါ် ဒီလိုမျိုး ယုံကြည်ကိုးစားမှုတွေရလာအောင် ဘာတွေက ဆောင်ကြဉ်းပေးခဲ့သလဲ?.. (၁) Media မှာ ဆန်းပြားစိတ်ဝင်စားဖွယ် သတင်းတင်ဆက်မှုအပိုင်း နဲ့(၂) ဖုန်းရှိသူတိုင်းထံ တိုက်ရိုက်ရောက်စေတဲ့ စာတို SMS ပို့တဲ့စနစ်အပိုင်းဆိုတဲ့ အချက် (၂) ချက်ကြောင့်လို့ သုံးသပ်မိပါတယ်။
-အစိုးရပိုင်၊ တပ်မတော်ပိုင် Media တွေကတော့ အမှားအယွင်းရှိလို့မရဘဲ legally news တွေဖြစ်ရတာကြောင့် သတင်းနောက်ကျပြီး formal ဆန်လွန်းတဲ့အတွက် လူစိတ်ဝင်စားမှု အားနည်းပါတယ်။-ယနေ့ IT ခေတ်၊ သတင်းခေတ်တွေမှာ သတင်းလတ်ဆတ်မှုရှိရမှာဖြစ်သလို လူငယ်တွေ စိတ်ဝင်မှုရှိဖို့လည်း လိုတာကြောင့် Pro ဆန်တဲ့ Vlog လေးတွေကို အသုံးချလာကြတာ တွေ့ရပါတယ်။ အဲဒီထဲမှာတော့ “ပျိုမေ Vlog” ဆိုတဲ့ Vlog အဖွဲ့လေးကို သဘောကျမိတယ်။ ဆန်းသစ်တဲ့ Plot ၊ စိတ်ဝင်စားဖွယ် ရိုက်ကွင်း/ရိုက်ကွက်လေး တွေနဲ့ ပြည်သူတွေအကြား ရေပန်းစား၊ စိတ်ဝင်စားမှု အများကြီးရရှိထားပါတယ်။
ယနေ့ခေတ်လူကြီး/လူငယ်တွေ အသုံးများတဲ့ facebook, tiktok, Youtube, Telegram စတဲ့ Social Platform တွေမှာလည်း ထိုးဖောက်နိုင်တာ တွေ့ရပါတယ်။-သူတို့အဖွဲ့အဓိကရိုက်ကူးသွားတာကတော့ “ပြည်သူ့စစ်မှုထမ်း”အကြောင်းတွေ၊ “ဗိုလ်လောင်းတွေရဲ့ တစ်နေ့တာ လှုပ်ရှားမှု” Video Clip တွေ၊ “ကွန်ပျူတာနဲ့ နည်းပညာစစ်သည်ဆိုင်ရာ”အကြောင်းတွေ စတဲ့ပညာပေးဇာတ်လမ်းတိုလေးတွေကို အကွက်ကျကျရိုက်သွားပြီး နောက်ဆုံးကျမှ ပြည်သူတွေကို ပြောချင်၊ ချပြချင်တဲ့ message လေးကို ခပ်ပါးပါးလေး ထည့်သွားတာကို တွေ့ရတယ်။ တပ်လော်ဘီတွေကလည်း Social Media ပေါင်းစုံကလည်း ဖြန့်ကြလို့ ပိုပျံ့သွားတယ်။ ဒါကြောင့် လူစိတ်ဝင်စားမှုရသွားတာပါပဲ။
အဲဒီ ပျိုမေ Vlog အဖွဲ့ရဲ့ လုပ်ဆောင်ချက်လေးက အဓိကကျတဲ့ အချက်ထဲမှာ ၁ ချက် ဖြစ်ပါတယ်။-နောက်တစ်ချက်ကတော့ အစိုးရအပိုင်းနဲ့ဆိုင်ပါတယ်။ အစိုးရက သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး Phone Operator အမျိုးမျိုးကတစ်ဆင့် ပြည်သူတွေရဲ့ ဖုန်းတွေထဲကို SMS ပေးပို့တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဗိုလ်လောင်းဝင်ခွင့် လျှောက်ထားခြင်းနဲ့ပတ်သက်ပြီး “ဘယ်နေရာမှာ လျှောက်လွှာထုတ်လို့ရမယ်”.. “လျှောက်လွှာတွေကို ဘယ်အချိန်မှာ ဘယ်နေရာကို နောက်ဆုံးအပ်ရမယ်”.. စတဲ့ အသိပညာပေး message တွေကို ထပ်ခါထပ်ခါ ပေးပို့ခြင်းပဲ ဖြစ်ပါတယ်။ ဒီစနစ်ကလည်း ဖုန်းကိုင်တဲ့သူတိုင်းဆီရောက်တာမို့ တော်တော်ထိရောက်ပါတယ်။
-ကျနော် သုံးသပ်ပြခဲ့တဲ့ အချက် ၂ ချက်ကြောင့် အစိုးရနဲ့ တပ်မတော်အပေါ် ပြည်သူတွေက ယခင်ကထက် ပိုမိုယုံကြည်လာပြီး ဗိုလ်လောင်းဝင်ခွင့် လျှောက်လွှာတင်သွင်းသူ အများကြီးတိုးတက်လာလို့ တော်တော်လေးကို စိစစ် ရွေးချယ်နေရတယ်လို့ သိရပါတယ်။-ဘယ်လိုပဲဖြစ်ဖြစ် သတ်မှတ်အရည်အချင်းနဲ့ စိတ်ဓာတ်ကောင်းမွန်တဲ့ ဗိုလ်လောင်းလေးတွေကို ရွေးချယ်နိုင်တော့မှာ ဖြစ်လို့ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အထောက်အကူပြုနိုင်မယ့် စွမ်းအားတစ်ခု ရရှိသွားမှာဖြစ်ပါကြောင်း ဂုဏ်ယူစွာ ရေးသား လိုက်ပါတယ်။
crd// kyawswar




