ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ် ၁ နှစ် ကျခံဖို့ တရားရုံးအမိန့်ချမှတ်

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း၊ ဘီလျံနာသူဌေးကြီး သက်ဆင်ရှင်နာဝါထရာကို ထောင်ဒဏ်တစ်နှစ်ကျခံဖို့ ထိုင်းတရားလွှတ်တော်က ယနေ့စက်တင်ဘာလ ၉ ရက်နေ့မှာ အမိန့်ချခဲ့ပါတယ်။

တရားရုံးရဲ့ပြောကြားချက်အရ သက်ဆင်ရဲ့ပြီးခဲ့တဲ့နှစ်က ဆေးရုံမှာကြာရှည်နေထိုင်ခဲ့တာဟာ တရားမဝင်ဘူးလို ဆုံးဖြတ်ခဲ့ပြီး အဲဒီအတွက်ပြစ်ဒဏ်ကို ဘန်ကောက်အကျဉ်းထောင်မှာ တစ်နှစ် ကျခံဖို့ အမိန့်ချခဲ့ကြောင်းသိရပါတယ်။

#crd

Leave a Reply

Your email address will not be published. Required fields are marked *