ဩဂုတ် ၂၁ ရက် တိုက်ပွဲသတင်းများ

(နန့်မွန်း-မမုန်ကိုင်)

နယ်မြေရှင်းစစ်ကြောင်းများသည် နန့်မွန်းမြို့၊ မမုန်ကိုင်ရွာအနီး ပတ်ဝန်းကျင်နေရာများအား ပိုက်စိပ်တိုက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် KIA/PDF အဖွဲနှင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ မိမိထိခိုက်မှုမရှိ၊ အကြမ်းဖက် PDF ၁ လောင်း၊ M-22 သေနတ် ၁ လက်တို့အား သိမ်းဆည်းရရှိခဲ့သည်။ (နယ်မြေဆက်ရှင်းနေဆဲဖြစ်)

(ဗန်းမော်)

ဗန်းမော်ဒေသအတွင်း နယ်မြေရှင်းလင်းနေသည့် မင်းခေါင်စစ်ကြောင်းများသည် ခွန်သာရပ်ကွက်ရှိ ရှော့တိုက်ဒုံးများ ပစ်ခတ်နေသည့် ရေရှင်ဘုန်းကြီးကျောင်းဝန်းအား ဝင်ရောက်ရှင်းလင်းပြီး ခွန်သာရပ်ကွက်အား ရှင်းလင်းထိန်းချုပ်ပြီးဖြစ်။ မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ ရှော့တိုက်ဒုံး ၂ လုံး၊ ဘီဇူကာ ၁ လက်၊ ကျည်ဆန်/ဗုံးသီးများ သိမ်းပိုက်ရရှိခဲ့သည်။

(ကျောက်မဲ)

နယ်မြေရှင်းလင်းနေသည့် နေဝန်းနီစစ်ကြောင်းများသည် ကျောက်မဲမြိုနယ်၊ ထန်းတပင်ရွာအနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် TNLA/PDF အဖွဲနှင့် ထိတွေ့တိုက်ပွဲ (၁)ကြိမ်ဖြစ်ပွားပြီး ထန်းတပင်ရွာအား သိမ်းပိုက်ထိန်းချုပ်ခဲ့။ ဆက်လက်ရှင်းလင်းစဉ် ရွာ၏မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် ထိတွေ့တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့နေရာအား ရှင်းလင်းပြီးစီးခဲ့။ မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ အလောင်း ၂ လောင်း၊ Type-81 သေနတ် ၁ လက်၊ ကျည်ဆန်/ဗုံးသီး/မိုင်းများ သိမ်းပိုက်ရရှိခဲ့သည်။

(နောင်ချို-မိုးကုတ်)

နယ်မြေရှင်းလင်းနေသည့် နေဝန်းနီစစ်ကြောင်းများသည် နောင်ချို-မိုးကုတ်မြိုကြားရှိ နားကျိုင်းရွာအနီး နယ်မြေရှင်းလင်းစဉ် ရန်သူနှင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူ့နေရာအား သိမ်းပိုက်ရရှိခဲ့။ မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ ပစ်ကျင်း ၇၃ ကျင်း၊ ဆသရမြောင်း ၃၀၀၀ ပေ အား သိမ်းပိုက်ရရှိခဲ့။

ဆက်လက်နယ်မြေရှင်းလင်းစဉ် နားကျိုင်းရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ရန်သူခံစစ်ပြုထားသည့် တောင်ကုန်းအား မိမိထိခိုက်မှုမရှိဘဲ သိမ်းပိုက်ရရှိခဲ့။ ရန်သူ့ထံမှ TNLA ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊ ပစ်ကျင်း/ ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။

(ကော့ကရိတ်)

ကော့ကရိတ်မြိုနယ်၊ တတန်ကူးရွာအနီးရှိ အကြမ်းဖက် KNLA တမဟ(၆) စခန်းတစ်ခုအား ပစ်ကူယူ၍ တပ်မတော်က သိမ်းပိုက်ရရှိခဲ့။ မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ KNLA အလောင်း ၃ လောင်း၊ သေနတ် ၂ လက်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ မိုင်းမျိုးစုံ ၂၀ လုံး၊ ဘန်ကာ ၂၂ လုံး တိုအား သိမ်းပိုက်ရရှိခဲ့သည်။

(မော့ကနင်)

မော့ကနင်မြို၏တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာ အောင်သပြေရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KNLA တို ထိတွေ့တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ KNLA ၁ လောင်း၊ M-16 သေနတ် ၁ လက်၊ ကျည်အိမ် ၇ ခု၊ ကျည် ၇၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး တိုအား သိမ်းပိုက်ရရှိခဲ့သည်။

(ထားဝယ်)

ထားဝယ်မြိုနယ်၊ ပုခက်ရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲတို ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာ သွားခဲ့။ မိမိထိခိုက်မှုမရှိ၊ အကြမ်းဖက် ၁ လောင်း၊ ပစ္စတို ၁ လက် တိုအား သိမ်းဆည်းရရှိခဲ့သည်။

(ကျောက်ဖြူ)

ကျောက်ဖြူမြိုနယ်၊ သဖန်းခါးရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် AA ရခိုသူပုန်တို့ ထိတွေ့မှု (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့နေရာအား သိမ်းပိုက်ကာ သဖန်းခါရွာအား ထိန်းချုပ်နိုင်ခဲ့။ မိမိထိခိုက်မှုမရှိ၊ အကြမ်းဖက် AA ၁ လောင်း၊ MA-3 သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ ပစ်ကျင်း/ဘန်ကာများအား သိမ်းပိုက်ရရှိခဲ့သည်။

အလားတူ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရွာအနီး နတလကျောင်းအတွင်း ပုန်းခိုနေသည့် အကြမ်းဖက် AA ရခိုင်သူပုန်များအား Drone ဖြင့် ပစ်ကူယူချေမှုန်းပြီး နယ်မြေရှင်းတပ်များ ဝင်ရောက်ရှင်းလင်းနေဆဲဖြစ်။ လက်ရှိအချိန်ထိ အကြမ်းဖက် AA ၉ လောင်း၊ ၁၂ လက်ရရှိထားကြောင်း သိရှိရ။ (ထပ်မံဖော်ပြပါမည်)

(ပုလဲ)

ပုလဲမြို၏ မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ မင်းတိုင်ပင်ရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲတို့ ထိတွေ့မှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မင်းတိုင်ပင်ရွာအား ရှင်းလင်းထိန်းချုပ်နိုင်ခဲ့။ မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့အလောင်း ၁ လောင်း၊ စက်လတ် ၁ လက်၊ MA-1 သေနတ် ၁ လက်၊ ကျည်အိမ် ၇ ခု၊ ကျည်ခါးပတ်တွဲ ၃ ခု၊ ကျည် ၅၀၀ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ မိုင်းမျိုးစုံ ၂၂ လုံးတို့အား သိမ်းပိုက်ရရှိခဲ့သည်။

(စကု)

တောင်တွင်းကြီးမြိုနယ်၊ စကုမြိုအနီးရှိ ညောင်ကိုင်းရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် အဖွဲတို ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ မိမိထိခိုက်မှုမရှိ၊ ရန်သူ့အလောင်း ၁ လောင်း၊ M-79 ဗုံးပစ်လောင်ချာ ၁ လက် တို့အား သိမ်းပိုက်ရရှိခဲ့သည်။

#crd

Leave a Reply

Your email address will not be published. Required fields are marked *