(ဗန်းမော်)
ဗန်းမော်ဒေသရှိ၊ တပ်ရင်းဌနခတစ်ခုအား အကြမ်းဖက် KIA/PDF အဖွဲ့က လက်နက်ကြီးဖြင့် ၆ လုံးပစ်ခတ်ပြီး ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် Counter ပြန်ပစ်ခဲ့ရ။ လူ/ဆောက်ဦ ထိခိုက်မှုမရှိ။
(ကျောက်မဲ)
ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်ကြားရှိ အကြမ်းဖက် TNLA/PDF များ အခိုင်အမာခံစစ်နေရာယူထားသည့် နောင်ပိန်ရွာအား နယ်မြေရှင်းလင်းစဉ် ထိတွေ့တိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး နောင်ပိန်ဘူတာအား သိမ်းပိုက်ရရှိခဲ့။ ရန်သူ့အလောင်း ၁ လောင်း သိမ်းဆည်းရရှိခဲ့သည်။
နောင်ပိန်ရွာအတွင်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA/PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောင်ပိန်ရွာအား တပ်မတော်မှ ထိန်းချုပ်ရရှိခဲ့။ မိမိထိခိုက်မှုမရှိ၊ ရန်သူ့အလောင်း ၂ လောင်း၊ သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်းရှိ ကောင်းပိုရွာနှင့် ပန်တိရွာအား နယ်မြေရှင်းစစ်ကြောင်းများက သိမ်းပိုက်ရရှိ။ မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ ပစ်ကျင်း/ဘန်ကာများ၊ ခဲယမ်း/ဗုံးသီးများ သိမ်းပိုက်ရရှိခဲ့သည်။
(မြောက်စမ်း)
မြောက်စမ်းဒေသရှိ စက်စက်ယိုရွာ (Drone ဖြစ်စဉ်) Drone ဖြင့် ရှင်းလင်းအပြီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် AA/PDF အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၆ လက်အား သိမ်းပိုက်ရရှိခဲ့သည်။
(စစ်ကိုင်း)
စစ်ကိုင်း-မုံရွာလမ်းရှိ လခရအဖွဲ့အား အကြမ်းဖက် PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။ ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး ရန်သူ(စုံစမ်းဆဲ)ဖြစ်။
(သပိတ်ကျင်း)
သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA/PDF တို့ ထိတွေ့တိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားပြီး ရန်သူ့အလောင်း ၃ လောင်း၊ သေနတ် ၂ လက်၊ RPG ၁ လက်၊ ခဲယမ်း/ဗုံးသီးများ သိမ်းပိုက်ရရှိခဲ့သည်။
(မတ္တရာ)
မတ္တရာမြိုနယ်ရှိ ဖယောင်းတောင်သတ္တုတွင်းအား သိမ်းပိုက်ထိန်းချုပ်ခဲ့။ အကြမ်းဖက် ၁၃ လောင်း၊ လက်နက်မျိုးစုံ ၈ လက်၊ ခဲယမ်း/ဗုံးသီး၊ ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။
(သံတောင်ကြီး)
သံတောင်ကြီးမြို့နယ်အတွင်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KNLA တမဟ(၂)အဖွဲ့တို့ ရွှေညောင်ပင်ရွာအနီး ထိတွေ့မှုဖြစ်ပွားခဲ့။ မိမိထိခိုက်မှုမရှိ၊ ရန်သူ့အလောင်း ၁ လောင်း၊ M-16 သေနတ် ၁ လက်၊ ရှေ့ထွက်မိုင်း ၇ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။
(ညောင်ခြေထောက်)
ပဲခူးတိုင်းဒေသကြီး၊ ညောင်ခြေထောက်မြို့၏ မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ မိုင်တိုင်(၁၃၈)(လမ်းဟောင်း)၊ ဆိပ်ဖူးကုန်းလမ်းဆုံတွင် အကြမ်းဖက် KNLA အဖွဲ့က BOC ဆီဘောက်ဆာကား ၁ စီးအား မီးရထားလမ်းကို ကန့်လန့်ဖြတ်၍ မီးရှို့ပိတ်ဆို့ထားသဖြင့် လခရအဖွဲ့များက သွားရောက်ရှင်းလင်းခဲ့ရ။ ဂုံမင်းတာရွာ ရာအိမ်မှူးတစ်ဦးအား သတ်ဖြတ်သွားသည်ဟု သိရှိရသည်။
