ဘဝမှာ နောင်တဆိုတဲ့ အရာကို မရမီ ဆင်ခြင်နိုင်ဖို့၊ နောင်တတရားတွေကို သိရှိပြင်ဆင်နိုင်ဖို့ အခုလို ဖော်ပြပေးလိုက်ရပါတယ်ရှင်
နောင်တ (၁၀) ပါး
(၁) ငယ်က ဥစ္စာ မစုပါ၊ နောင်ခါ နောင်တရတတ်သည်။
(၂) ငယ်က ပညာ မသင်ပါ၊ ကြီးခါ နောင်တရတတ်သည်။
(၃) စဉ်းလဲကောက်ကျစ်၊ ကုန်းချောပစ်နှင့် စားလစ်တံစိုး၊ အကျင့်ဆိုး၊ စိုးရိမ်နောင်တရတတ်သည်။
(၄) သူ့သက် သတ်ကာ ကြမ်းကြုတ်ပါ၊ နောင်ခါနောင်တရတတ်သည်။
(၅) သူ့သားအိမ်ရာ ကျူးမိပါ လွန်စွာနောင်တရတတ်သည်။
(၆) သဒ္ဒါကြည်ဖြူ မပေးလှူ၊ ထိုသူ နောင်တရတတ်သည်။
(၇) မိဘနှစ်ဆူ၊ မမွေးမြူ ထိုသူနောင်တရတတ်သည်။
(၈) လက်ဦးဆရာ ဖပိတာ၏ မိန့်မှာမယူ ထင်သေးမူ ထိုသူနောင်တရတတ်သည်။
(၉) မဆည်းကပ်ငြား သူတော်များ ဖြစ်ပွားနောင်တရတတ်သည်။
(၁၀) သုစရိုက်သုံးဖြာ မကျင့်ပါ နောင်ခါနောင်တရတတ်သည်။
