နောင်ချိုမြို့ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအားပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ စုစုပေါင်း ၄၂ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ ၃၃ ဦးတို့အား ဝက်သက်ရောဂါ၊ တုပ်ကွေးရောဂါတို့နှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက်ပေးသည်။ ထို့ပြင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသူ ၃၀ ဦးတို့အား ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။  

Leave a Reply

Your email address will not be published. Required fields are marked *