ောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် မှာ လေဖိအားနည်းရပ်ဝန်းနှစ်ခုသည် ကုန်းတွင်းပိုင်းဝင်ရောက်ပြီး နောက်(၄၈)နာရီ ၂ ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးများနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင် က ယနေ့ ဩဂုတ်(၁၈)ရက်နေ့ နေလည်ပိုင်းမှာ အသိပေးထားသည်။
လက်ရှိအချိန်ကနေ ဩဂုတ်(၂၀)ရက်နေ့ထိ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတိုတွင် မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာ ရွာသွန်းနိုင်ကြောင်း ဦးဝင်းနိုင် ကပြောသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင်မူ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ယနေ့ညနေအထိ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တိုတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တိုတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်းလည်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။

