သွေးတိုးနှင့် လေစာ ကျန်းမာရေးသတိပြုကြပါ

သွေးတိုးသမားများ လေစာလေး သတိထားနိုင်အောင်ပါ။အခါးဟူသမျှ လေဓါတ်ကြွ၊

မူလပျက်စီးရာ ခွေးတောက်တမာ၊
ကြောင်လျှာကြက်ဟင်းခါး
ဝက်သားလက်ဖက်
မတွဲဖက်၊ တစ်ချက်မှတ်ကြပါ ဟူသော လင်္ကာနှင့်အညီ လေစာကို တစ်နေ့တည်း နှစ်မျိုးစားမိခြင်း၊ တစ်ကြိမ်တည်း နှစ်မျိုးရောစားမိခြင်းတို့ကြောင့် လေဖြတ်နိုင်သည်ဟုဆိုထားသည်။

ဝက်သားသည် လေစာဖြစ်သည်။ သွေးတိုးနိုင်သည်။ ဝက်သား စားသည့်နေ့တွင် ကြက်ဟင်းခါးသီး ချက်မစားရ။

ခွေးတောက်ရွက်ဟင်းချို မသောက်ရ။ ကြောင်လျှာသီးချက်မစားရ။ လက်ဖက် (အခါးမညှစ်ပဲ) မစားရ။ တမာရွက်မစားရပါ။ စားမိလျှင်တစ်နေ့တည်း လေစာနှစ်မျိုး ထပ်မိပြီး သွေးတိုး (လေတိုး) တက်ပြီး လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်း ဖြစ်နိုင်ပါသည်။

ဆီးချိုရောဂါ ရှိသူများသည် အခါးစားမီလျှင် ဆီးချိုသက်သာမည် ထင်ပြီး တစ်နေ့တည်း အခါးနှစ်မျိုးစားမိလျှင် သွေးတိုးပြီး လေဖြတ်နိုင်ပါသည်။ ဆီးချိုထိန်းဆေးများကို ကျွမ်းကျင်သည့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ စားသင့်သည်။ အခါး စားလွန်းလျှင် လေစာဖြစ်ပြီး သွေးတိုးရောဂါပါ ထပ်တိုးလာနိုင်ပါသည်။ ဆေးကျမ်းတခုတွင် ယားယံခြင်းကား လေကင်းမှတ်ရာ ဟု မိန့်ဆိုချက်ရှိသဖြင့် ယားနာရောဂါ၊ အရေပြား ရောဂါရှိသူများလည်း လေစာ၊ အခါးဓါတ်များ မစားသင့်ပါ။

အရသာခါးလျှင် လျှော့စား၊ ရှောင်စားသင့်ပါသည်။ သွေးယားရောဂါ Alergic ရှိသူများလည်း လေစာစားလျှင် ရောဂါပြန်ထလေ့ရှိကြောင်း တွေ့ရပါသည်။ ဖုန်၊ ကြက်မွှေး၊ ငှက်မွှေး၊ စူးရှသောအနံ့၊ ဓါတ်ဆီ၊ ဒီဇယ်အနံ့များကြောင့် Alergic ထသည်ကို သိကြသော်လည်း လေစာကြောင့် သွေးယားရောဂါ ထသည်ကို သိသူနည်းသဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။

သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ရှိသူအားလုံး လေစာကို သတိထားစားရန်၊ တတ်နိုင်သမျှ ရှောင်စားရန်၊ လျှော့စားရန်နှင့် အထူး သတိပြုရန်မှာ တစ်နေ့တည်း၊ တစ်ကြိမ်တည်းမှာ လေစာနှစ်မျိုးဆင့်၍ မစားမိကြရန် သတိပြုကြဖို့ အသိပေးပါရစေ။

( ကိုယ်စားခဲ့ဖူးတဲ့ ထမင်းကြော်ပွဲမှာ အရသာကထူးကဲနေတာကြောင့် လက်တို့ပြီးမေးလိုက်တော့ ထမင်းကြော်လေးတပွဲမှာထဲ့တာက သကြား၊ အချိုမှုန့် နှင့် ကြက်သားမှုန့် သုံးမျိုးလုံးထည့်ကြော်တာတဲ့ တို့ မြန်မာလူမျိုးတွေရဲ့ ခံတွင်းကလဲ အရသာကထူးကဲနေမှ သွေးတိုး ဆီးချိုမဖြစ်ပဲနေမလား။)

မြန်မာဆိုရိုးစကားအတိုင်း တန်ဆေး လွန်ဘေး ပါ။

crd_to_owner

ကျန်းမာရေးဗဟုသုတရကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *