PDF အဖွဲ့ဝင် ၂၁ ဦး ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာကြသည့်အလျောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၂၉ ရက်တွင်လည်း လက်နက်ကိုင် အဖွဲ့ဝင် ၂၁ ဦးတို့ ထပ်မံအလင်းဝင်ရောက်လာသဖြင့် စုစုပေါင်းအလင်းဝင်လာသူ ၁၂၀ နီးပါးရှိလာကြောင်း သိရသည်။

ယနေ့ အလင်းဝင်လာသူများထဲတွင် DPLA အဖွဲ့မှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ MDY – PDF အဖွဲ့မှ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦး၊ ရွာငံ PDF အဖွဲ့မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ပါဝင်သည်ဟု သိရပြီး ၎င်းတို့နှင့်အတူ Zoraki အမျိုးအစား ပစ္စတိုသေနတ် ၁ လက်လည်း ပါဝင်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံအဖွဲ့ဝင်များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာမှုမှာ ဇူလိုင်လ ၁၇ ရက်မှ ယနေ့ ၂၉ ရက်အထိ TNLAအဖွဲ့ဝင် ၄ ဦး ၊ MDY-PDF အဖွဲ့မှ ၆၁ ဦး၊ DPLA အဖွဲ့မှ ၄၇ ဦးနှင့်၊ ရွာငံ PDF အဖွဲ့မှ ၆ ဦး၊ စုစုပေါင်း (၁၁၈) ဦးအထိ ရှိလာပြီဖြစ်သလို ၎င်းတို့ထံမှ လက်နက်မျိုးစုံ ၁၄ လက်နှင့် ကျည်မျိုးစုံ ၁၅၁၅ တောင့် ကျည်အိမ် ၁၂ ခုတို့ကိုလည်း လက်ခံရရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *