ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတပြော တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန်အတွက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်နေမှုကို မေ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတက ကြည့်ရှုစစ်ဆေးခဲ့သည်။ ” အနီးစခန်းလေဆိပ်ကို အဆင့်မြှင့်တင်ခဲ့တာဟာ ပြည်တွင်းခရီးစဉ်တွေအတွက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့၊ ပြင်ဦးလွင်ဒေသကထွက်ရှိတဲ့ သစ်သီးတွေနဲ့ ပန်းမန်တွေကို တခြားဒေသတွေဆီ လွယ်ကူလျင်မြန်စွာနဲ့ သယ်ယူပို့ဆောင်နိုင်ဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူပြုစေဖို့ရည်ရွယ်ဆောင်ရွက်တာပါ”ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် လက်ရှိလေဆိပ်အသစ်တည်ဆောက်ထားမှုအရ တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့် ဝင်/ထွက်နိုင်ရန်ဆောင်ရွက်ထား၍…