မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် အားသာချက်၊ အားနည်းချက် မခွဲခြားဘဲ လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးသည် သက်ဆိုင်ရာနိုင်ငံများအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ခေါင်းဆောင်အချင်းချင်း ဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်ဆံရေး၊ သံတမန်ရေးရာဆက်ဆံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ဆက်စပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်…