အာဆီယံဝင်ဖို့ မြန်မာနိုင်ငံရဲ့ ထောက်ခံချက်လိုအပ်ပါက အာဆီယံရဲ့ ပဋိညာဉ်ကို လိုက်နာလက်ခံဖို့လိုအပ်

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Olandino Ruide Andrade အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံက တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးထူထောင်လိုကြောင်း၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံသို့ အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အားပေးထောက်ခံ မှုကိုရရှိလိုကြောင်း၊ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါပြဋ္ဌာန်းချက်များအားလုံးကို လေးစား လိုက်နာသွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

တီမောလက်စ်တေနိုင်ငံ အာဆီယံဝင်ဖို့ မြန်မာနိုင်ငံက မထောက်ခံခဲ့တာကြောင့် မြန်မာထောက်ခံမှုကို လိုချင်ရင် အာဆီယံရဲ့ ပဋိညာဉ်ကို လိုက်နာလက်ခံဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *