အသွင်ယူ ထောက်လှမ်းရေးဆိုတာ

ဒီသတင်းလေးကို ဖတ်ပြီး ပြုံးမိတယ်။ ကိုယ့်လူ က သူ့ အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ပြီး သတင်းတွေလိုသလောက် ယူနိုင်ခဲ့တယ်ဆိုတာနည်းတဲ့ရလာဒ်မှမဟုတ်ဘဲ။

ပထမ သစ္စာဖောက်ဟန်ဆောင်တယ်။ သူတို့ဘက်ကူးတယ်။ သိန်း ၃၀ တောင် ယူလိုက်သေးတယ် …. မခန့်တာ။ အေးပေါ့လေ ယုံအောင်တော့ လုပ်ရတာပေါ့။

မြန်မာ့တပ်မတော်ဟာ ထောက်လှမ်းရေး ကဏ္ဍ မှာ အဆင့်တစ်ခုတော့ရှိတယ်။ ဟိုး Long Long ago မျက်မှန်ကြီးတင်ဦး လို့ လူသိများတဲ့ ထောက်လှမ်းရေးခေတ်အစ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ MI ဆိုတဲ့ခေတ်အလယ်ထိ စကေးက ဂျွတ်ဆင်ကြီးရယ်။

အဲ …. အဲ့နောက်ပိုင်း စရခ ခေတ်ကျလဲ တော်ကြပါတယ်။ NLD အစိုးရခေတ် နိုင်လွတ်လုံ တို့ ဘာတို့ ပြဌာန်းခဲ့တော့ သူတို့အတွက် အနည်းငယ်တော့ အကျပ်ရိုက်ခဲ့တယ်။ သို့သော် အခက်အခဲကြားက ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်ရတယ်။

၂၀၁၅-၂၀၂၀ မှာ တက်လာတဲ့ အာဏာရပါတီ ဟာ ထောက်လှမ်းရေးနဲ့ပတ်သတ်ပြီး မကျေနပ်တဲ့ စိတ်အခံရှိတယ်။ ဘယ်ကျေနပ်မလဲ … သူတို့ရဲ့ နိုင်ငံတော် အာဏာရယူရေး Plan ကို ကောင်းကောင်း စောင့်ကြည့်ခဲ့တဲ့ အဖွဲ့ကိုး။

အဲ့အတွက် လွှတ်တော်တွင်း ဥပဒေတွေပြဌာန်းပြီး ထောက်လှမ်းရေးစက်ဝန်းကို အခက်တွေ့အောင်လုပ်ခဲ့ရုံတင်မကပဲ လွှတ်တော်ပြင်ပမှာလဲ အရပ်ထဲ သူတို့ အမာခံလူတွေကို သတင်းမပေးရရေးအတွက် စည်းရုံးတယ်။

၂၀၂၁ ဖေ ၁ ဟာ တကယ်ကို အဆိုးဝါးဆုံး ယန္တရား ရပ်တန့်စေခဲ့တဲ့အထိ မြေပေါ်မြေအောက် ပေါင်းလုပ်ခဲ့ကြတယ်။ အစပထမပိုင်းမှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ ဆောင်ရွက်ချက်ဟာ အတိုင်းအတာတစ်ခုထိ အတော်အောင်မြင်တယ်။

ဗုံးခွဲ လူသတ် အကြမ်းဖက် နေတာတွေက တစ်နိုင်ငံလုံး နေရာအနှံ့မှာဖြစ်နေတာရယ်၊ ပြည်သူထဲရောနှောနေတာရယ်ကြောင့် သတင်းရယူဖို့ အတော်ကိုရုန်းကန်ခဲ့ကြရတာ။

အဲ … ဒါပေသိ အေးချမ်းစွာ နေထိုင်လိုတဲ့ မိဘပြည်သူဟာ အကြမ်းဖက်တွေရဲ့ သတင်းကို ရသလောက်ပေးပို့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာလဲ အစွမ်းကုန်ပူးပေါင်းတယ်။ အဲ့မှာ မြို့ပြ မြေအောက် အဖွဲ့တွေအတွက် နေရာကျဉ်းလာတယ်။ခုဆို မြို့တွင်းမှာ လူသတ် ၊ ဗုံးခွဲ တာတွေ မရှိသလောက်ကိုရှားသွားတယ်။

ဒါနဲ့တင် မပြီးသေးတဲ့ တာဝန်ဖြစ်တဲ့ မြေပေါ်သောင်းကျန်းသူတွေအတွက် သက်ဆိုင်ရာ တပ်တွေကနေ ခုလိုမျိုး စစ်ပြေးအသွင်နဲ့ သတင်းရယူတာတွေဟာလဲ အောင်မြင်ကြပြန်တယ်။

ဒါပဲလေ … ထောက်လှမ်းရေးဆိုတာ။ အစ္စရေးရဲ့ နာမည်ကျော် အလီကိုဟင် ဆိုရင် တစ်ဖက် န်ုင်ငံမှာ အစိုးရအဖွဲ့ထဲထိ ရောက်ခဲ့တယ်မဟုတ်လား။

ဆိုတော့ … ခု သောင်းကျန်းသူထဲရောက်နေတဲ့ ကိုနေမျိုးဇင် ကနေစပြီး ထက်မြက်တို့ ဇင်ယော် တို့ကလဲ မြန်မာကိုဟင် တွေများလား
🤔🤔🤔🤔

“တရားသောစစ်အောင်ရမည်”

(မင်းထက်ကျော်ဇော)

Leave a Reply

Your email address will not be published. Required fields are marked *