ရုရှား ဒရုန်းများ ဝင်ရောက်တိုက်ခိုက်ခံရသည့် ပိုလန်၌ ဒရုန်းကြောင့် မဟုတ်ဘဲ ပိုလန် F-16 တိုက်လေယာဉ်၏ ဒုံးကျည်က အိမ်တစ်လုံးကို ထိမှန်ခဲ့ကြောင်းပိုလန် Rzeczpospolita သတင်းစာက ဖော်ပြလိုက်သည်။
ဒရုန်းကို ပစ်ချရန် AIM-120 ပိုလန်လေတပ် F-16 တိုက်လေယာဥ်၏ AMRAAM လေယာဥ်ပစ် ဒုံးကျည်ကို အသုံးပြုခဲ့သည်။ သို့သော် လမ်းညွှန်စနစ် ချို့ယွင်းမှုကြောင့် ဒုံးကျည်သည် ပစ်မှတ်ကို မှန်အောင် မပစ်နိုင်ဘဲ လွဲချော်ကာအိမ်တစ်လုံးပေါ်ပြုတ်ကျခဲ့သည်။
ဒုံးကျည်သည် ပေါက်ကွဲမှု မရှိခဲ့ပေ။ သုံးမီတာရှည်ပြီး ၁၅၀ ကီလိုဂရမ်ကျော် လေးသည့်ဒုံးကျည်သည် အိမ်တစ်လုံးပေါ်ပြုတ်ကျသည့်ဖြစ်ရပ်ကိုပိုလန်စစ်တပ်ကဖုံးကွယ်ထားကြောင်းသတင်းစာကဖော်ပြလိုက်သည်။
