ဇူလိုင်လ ၁၂ ရက် နေ့လည်ပိုင်းအချိန်က တနိုင်းဒေသ၊ ခွန်စိုင်ယန်အရှေ့ဘက်ခြမ်းတွင် နယ်မြေရှင်းလင်းနေသည့် တပ်မတော်+ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် အကြမ်းဖက် KIA ၃၀ ဦးခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူအရှေ့ တောင်ဘက်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA ၂ လောင်း
(၂) လက်နက်မျိုးစုံ ၄ လက်
- M-22 သေနတ် ၂ လက်
- ၄၀ မမ လောင်ချာ ၁ လက်
- စက်လတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ကျည်ကာအင်္ကျီ/ဦးထုပ်များ
(၅) ဗုံးသီး/ အိုက်ကွန်များ သိမ်းဆည်းရရှိခဲ့သည်။
တပ်မတော်ပူးပေါင်းစစ်ကြောင်းသည် ထွက်ပြေးရန်သူ့နောက်သို့ ထပ်ကြပ်လိုက်လံရှင်းလင်းရာ လျှိုစောင်းထဲတွင် –
(၁) အကြမ်းဖက် KIA ၂ လောင်း
(၂) M-22 သေနတ် ၁ လက်တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ရန်သူ့ထံမှ KIA အလောင်း (၄) လောင်း၊ လက်နက်မျိုးစုံ (၅) လက်တို့အား မိမိအထိအခိုက်မရှိဘဲ အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့သည်။



