နောင်ချိုကို တမခ(၁၁)ကင်းဝင်သွားပြီနေ့လည်ထဲကဝင်သွားနိုင်တယ်။
မိမိဘက်မှ အဖိတ်အစင်မရှိပါ။စကခ(၁)လွယ်စံကိုထိန်းချုပ်နိုင်ပါပြီ။တမခ(၅၅) ရွှေပြည်ညွန့်ရပါတော့မယ်။ရမခတပ်များ ကျောက်တောကိုဖိအားပေးထားပါတယ်။တမခ(၁၁)ရှင်းထုတ်လိုက်သောရန်သူနဲ့ ရမခတပ်များဖိအားပေးထားသောကြောင့် ရန်သူဟာ ငုတ်ကလေး၊ရေမဲတွင်ကနေတဆင့် သဖန်းကိုင်းဘက်ကိုပြိုဆင်းသွားပါတယ်။
ပြောရမယ်ဆိုရင် တောင်ခမ်းကနောင်ချိုကို ဖိအားပေးခံရတဲ့ရန်သူဟာ ပြင်ဦးလွင်နောင်ချိုပြည်ထောင်စုလမ်းဘက်ပြိုဆင်းသွားပါတယ်။ဒီအတွက် စကခ(၁၂)နဲ့ သူ့ရဲ့ပူးပေါင်းDrone Team က တာဝန်ယူပါလိမ့်မယ်။လက်ရှိနောင်ချိုအနေအထားကတော့ ယနေ့ည ၁၉:၀၀အချိန်မှာ ရန်သူက ပြန်လာတိုက်နေပါတယ်။သို့သော် တပ်မ(၁၁)ဟာ ရန်သူ့အတွက်စစ်ဘီလူးဖြစ်နေပါပြီ။အဆင်ပြေပါလိမ့်မယ်။
ကိုခိုင်ဇော်


