ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄ ဦး တို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အမြင်မှန်ရကာ ထပ်မံဝင်ရောက်လာမည့် ညီငယ် ညီမငယ်များအားလည်း နိုင်ငံတော်မှကြိုဆိုလျက်ရှိသည်။






